နေရွေသွေးအောင်ဟာ သူ့ကို မီဒီယာများသာမက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီက မေးခွန်းတွေမေးမြန်းနိုင်ကြောင်းကို သူရိုက်ကူးထားခဲ့တဲ့ Cover Song ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။

Simple, Free Image and File Hosting at MediaFire
နေရွေသွေးအောင်က ကမ္ဘာကျော်အဆိုတော် Enrique lglesias ရဲ့ သီချင်းတွေကို Cover Song အနေနဲ့ ရိုက်ကူးသီဆိုခဲ့တာဟာ စုစုပေါင်း (၆) ပုဒ်ရှိခဲ့ပါပြီ။
ရိုက်ကူးခဲ့တဲ့ ဗီဒီယိုတွေဟာဆိုရင်လည်း နာမည်ကြီး သရုပ်ဆောင်၊ မော်ဒယ်၊ အနုပညာရှင်များစွာနဲ့ အမိုက်စား ရိုက်ချက်တွေ၊ အကြမ်းစား သရုပ်ဆောင်မှုတွေကို ထည့်သွင်းရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။
Simple, Free Image and File Hosting at MediaFire
ဝေဖန်မှုတွေလည်းရှိခဲ့သလို အားပေးကြတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။ နောက်ထပ်တင်မယ့် ဗီဒီယိုထဲမှာလည်း အရင်ကရိုက်ကူးထားတဲ့ ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တွေကို ထည့်သွင်းသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
Simple, Free Image and File Hosting at MediaFire
တစ်ဆက်တည်းမှာပဲ သူ့ကို မီဒီယာများသာမက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီက မေးလာမယ့် မေးခွန်းတွေကိုလည်း ရင်ခုန်စွာနဲ့စောင့်မျှော်နေတယ်လို့ သိရပါတယ်။ ဘယ်လိုမျိုးတွေ မေးမြန်းလို့ ရနိုင်မလဲဆိုတာကို အသေးစိတ်သိရအောင် သူတင်ထားတဲ့ ဗီဒီယိုလေးကို Channel X ပရိသတ်ကြီး အတွက်ပြန်လည် ဖေါ်ပြပေးလိုက်ရပါတယ်။


Related