သုသု လို့ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း) ကတော့ တက္ကသိုလ် ဂွမ်းပုံတို့စုံတွဲနဲ့ အတူ ရိုက်ထားတဲ့ ဟာသဗီဒီယို အတိုလေးတစ်ခုကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

သုသုက “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ငပလီ ကမ်းခြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သုသုက အမြဲတမ်းပျော်ပျော်နေတတ်တဲ့ သူတစ်ဦးလည်းဖြစ်သလို ဟာသ ဗီဒီယို အသစ်အဆန်းလေးတွေကိုလည်း ချစ်တဲ့ပရိသတ်တွေအတွက် ဖန်တီးပြီး တင်လေ့ရှိပါတယ်။
အခုဆိုရင်လည်း တက္ကသိုလ် ဂွမ်းပုံတို့စုံတွဲနဲ့ အတူ ပရိသတ်တွေ အမောပြေစေဖို့ ဟာသဗီဒီယို အတိုလေးတစ်ခုကို ဖန်တီးထားပြန်ပါတယ်။ ဒီဟာသဗီဒီယို အတိုလေးကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Related