မော်ဒယ်/သရုပ်ဆောင် ထူးအောင်ကတော့ သူသဘောကျနှစ်သက်တဲ့ ကောင်မလေးကို သူ့အနေနဲ့ ဘယ်လိုမျိုးပုံစံလေးတွေနဲ့ ချဉ်းကပ်မလဲဆိုတာကို ပြောပြလာပါတယ်။

Simple, Free Image and File Hosting at MediaFire
ထူးအောင် လို့ပြောလိုက်တာနဲ့ သူ့ရဲ့ အမိုက်စား Body Structure ကြောင့် မိန်းကလေးပရိသတ်တွေ သဘောကျရုံသာမက ယောကျာ်းလေး အချင်းချင်းကပါ အားကျ နေရပါတယ်။ ဒီလို ဗလတောင့်တောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးက သူသဘောကျနှစ်သက်တဲ့ ကောင်မလေးကို သူ့အနေနဲ့ ဘယ်လိုမျိုးပုံစံလေးတွေနဲ့ ခ်ဉ်းကပ်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ Channel X Online Tv ရဲ့ Star X အစီအစဉ်မှာ အခုလိုပဲပြောပြလာပါတယ်။
Simple, Free Image and File Hosting at MediaFire
“သူလာတဲ့ လမ်းဖြစ်ဖြစ်၊ သင်တန်းဖြစ်ဖြစ်ပေါ့ သူရှိမယ့်နေရာလေးတွေ ကျွန်တော်သွားမယ်။ သူ့ကို စကားမပြောဘူး။ အဝေးကပဲကြည့်နေမယ်။ တဖြည်းဖြည်း မျက်လုံးချင်းအကြည့်ချင်းဆုံပြီး စကားတွေပြောလာတော့မှ နောက်ပိုင်း တဖြည်းဖြည်း သူ့ကိုနှောင့်ယှက်တဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ စကားပြောမယ်ပေါ့နော်။ သူ့ဆီက ခွင့်ပြုချက်တွေရမယ်… သူ့ဆီက ရင်နှီးခင်မင်တာတွေ ရလာပြီ ဆိုတော့မှ မုန့်သွားစားမယ်ပေါ့နော်။ ပြီးရင် သူကြိုက်နှစ်သက်တဲ့ အရာလေးတွေ ကျွန်တော်ဖန်တီး ပေးချင်တယ်။ ရည်းစားမဖြစ်ခင် ဆက်ကြားကာလလေးတွေမှာ သူကြိုက်နှစ်သက်တဲ့ အရာလေးတွေ၊ သူဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ကျွန်တော်ဖြည့်ဆည်းပေးချင်တယ်။ ပြီးရင်သူ့ကို ပျော်ရွှင်အောင် ထားချင်တယ်။ အဲ့ဒါပါပဲ” လို့ ထူးအောင်က ပြောပါတယ်။
လက်ရှိမှာတော့ ထူးအောင်ဟာ ပရိသတ်တွေကြည့်ရှုရကျိုးနပ်မယ့် ဇာတ်ကားမျိုးတွေ၊ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးသွားဖို့ ရှိတယ်လို့ဆိုပါတယ်။
Simple, Free Image and File Hosting at MediaFire

Related