PUBG Mobile Game ဟာ မြန်မာနိုင်ငံအတွက် တရားဝင်သတင်းတွေကို စတင်ထုတ်ပြန်ပေးသွားတော့မယ်လို့ သိရပါတယ်။

Simple, Free Image and File Hosting at MediaFire
Tencent Games မှ ၂၀၁၈ ခုနှစ်ကစတင်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချီခဲ့တဲ့ PUBG Mobile Game ဟာ အချိန်တိုလေးအတွင်းမှာပဲ လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်အများဆုံး ဂိမ်းအမျိုးအစား တစ်ခုဖြစ်လာခဲ့ပါတယ်။ PUBG Mobile Game ဟာ မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာက လူငယ်တွေကြားမှာလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ နေရာယူလို့ ထားပါတယ်။
Simple, Free Image and File Hosting at MediaFire
PUBG Mobile ဟာ Joystick Award ရဲ့ Mobile Game Of The Year 2018 ဆုကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း Samsung Company နဲ့ Claw Esports တို့ပူးပေါင်းပြုလုပ်တဲ့ Galaxy Challenge PUBG Mobile Tournament ဟာ (၅) ရက်အတွင်းမှာ အသင်းပေါင်း (၅၀၀) ကျော်အထိ စာရင်းပေးသွင်းခဲ့ကြတယ်လို့ သိရပါတယ်။ Tencent Games မှ တာဝန်ရှိသူတစ်ဦးက PUBG Mobile ဟာ မြန်မာနိုင်ငံမှာ အလားအလာရှိကြောင်း သက်သေပြခဲ့သလို မြန်မာနိုင်ငံရဲ့ ကစားသမားတွေ အတွက်လည်း ကမ္ဘာ့အဆင့် Esports Game တစ်မျိုးဖြစ်အောင် တည်ဆောက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
အခုဆိုရင် မြန်မာနိုင်ငံအတွက် PUBG Mobile Game ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမယ့် Official Facebook Page ကို ဇူလိုင်လ (၄) ရက်နေ့က စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီ Official Facebook Page ဟာ လူပေါင်း (၆) သန်းကျော် Like & Follow လုပ်ထားပြီးတော့ Blue Mark အမှတ်အသားလည်း ရရှိထားတာဖြစ်ပါတယ်။ ဒီ Page ကနေ PUBG Mobile နဲ့ဆိုင်တဲ့ သတင်းတွေ၊ ကျင်းပပြုလုပ်သွားမယ့် ပြိုင်ပွဲတွေအကြောင်းကို မြန်မာဘာသာစကားနဲ့ ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Related