အကယ်ဒမီ နေတိုးဟာ ပရိသတ်တွေ ပါဝင်ခန့်မှန်းခွင့်ရမယ့် အစီအစဉ်လေးကို သူ ကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live လွှင့်ပြီးပြောကြားလာခဲ့ပါတယ်။

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ အကယ်ဒမီ နေတိုးဟာ ပရိသတ်တွေကို Update သတင်းလေးပြောပြပေးချင်တယ်ဆိုပြီး သူကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live လွှင့်ပြီးပြောကြားလာခဲ့ပါတယ်။ အခုလို Live လွှင့်ခြင်းဟာ အနေအေးတဲ့ နေတိုးအတွက်တော့ ဒုတိယအကြိမ်မြောက် လွှင့်ခြင်းလို့လည်း သိရပါတယ်။ အခု ကြုံတောင့်ကြုံခဲ Live လွှင့်ခြင်းမှာ ပရိသတ်တွေနဲ့အတူ ရင်းရင်းနှီးနှီးစကားပြောပြီး သူအသိပေးခြင်းတဲ့ Update သတင်းလေးကိုလည်း ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။ ဒီUpdate သတင်းလေးထဲမှာ နေတိုးက ပရိသတ်တွေအတွက် ပဟေဠိ မေးခွန်းလေးကို မေးထားပါတယ်။ နေတိုး ဘာတွေ ပဟေဠိ လုပ်လိုက်သလဲဆိုတာသိရအောင် နေတိုးရဲ့ Live ဗီဒီယိုလေးကို Channe X ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ပဟေဠိလေးကို မှန်မှန်ကန်ကန်နဲ့ ဖြေကြားနိုင်ပါစေရှင်။

Related