စိုင်းစိုင်းခမ်းလှိုင်က ဝတ်မှုန်ရွှေရည်နဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

Simple, Free Image and File Hosting at MediaFire
စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုန်ရွှေရည်က အမေရိကန်ဗေးရှင်း မျက်မှန်ဆိုင်ကြော်ငြာအတွက် စုံတွဲရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုန်ရွှေရည် တို့ဟာ အမေရိကန်ဗေးရှင်း မျက်မှန်ဆိုင်ကြော်ငြာကို ရိုက်ကူးခဲ့ကြတာပါ။ အခုဆိုရင်လည်း စိုင်းစိုင်းခမ်းလှိုင်က “မနေ့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက American Vision မျက်မှန်ဆိုင်ကြော်ငြာကို ပြန်လည်ဆန်းသစ် ရိုက်ကူးပါတယ်” ဆိုတဲ့စာသားလေးနဲ့အတူ ရိုက်ကွင်းပေါ်က ဝတ်မှုန်ရွှေရည်နဲ့ ပုံရိပ်တွေကို တင်လာခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
လွန်ခဲ့သော ဆယ်စုနှစ်လောက်တုန်းက ချစ်သူတွေဖြစ်ခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုန်ရွှေရည် တို့ဟာ ချစ်သူတွေအဖြစ် ပြတ်စဲသွားပြီးကတည်းက အတူတွဲပြီး အနုပညာအလုပ်တွေမှာ မမြင်ရတာကြာပါပြီ။ ပွဲတွေမှာဆုံမိတဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေတက်လာတိုင်းလည်း ပရိသတ်တွေက သူတို့နှစ်ဦးကို အခုချိန်ထိ ချစ်ပေးနေကြတုန်းပါပဲ။ အခုဆိုရင်လည်း ပြန်လည်ဆန်းသစ်ထားတဲ့ ဒီကြော်ငြာလေးထဲက သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါပြီ။ အခုတော့ စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင် တင်ထားထားတဲ့ ဝတ်မှုန်ရွှေရည်နဲ့ ရိုက်ကွင်းပေါ်က စုံတွဲပုံရိပ်တွေကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related