အကယ်ဒမီ ဖွေးဖွေးက သူကိုယ်တိုင် ဟင်းတွေကို ချက်ပြုတ်နေတဲ့ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

ဖွေးဖွေးဟာ အသက်အရွယ်ငယ်သေးသော်လည်း သရုပ်ဆောင်လောကမှာ အကယ်ဒမီဆုများစွာကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ရုံသာမက ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေကလည်း သူမကို လွန်စွာချစ်ခင်ကြတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင် ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးက ပရိသတ်တွေ ပိုလို့အချစ်တိုးစေမယ့် အလှူလေးတစ်ခုလုပ်နေပါတယ်။ အဲ့ဒါကတော့ အင်းယားကန်ဘောင်က မြက်နှုတ်ပြီး ကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ ဝန်ထမ်းတွေကို လှူဖို့ ဟင်းတွေကို ကိုယ်တိုင်ချက်ပြုတ်နေပါတယ်။ “ဘဲဥ ငါးဖယ် သီးစုံပဲကုလားဟင်း
ဖွေးတို့ အိမ်နားက ကန်ဘောင်က မြက်နူတ်ပြီးကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ အဖွားတွေ အဒေါ်တွေ ကလေးတွေ ဦးလေးတွေ အတွက် လှူဖို့... အိုင်ကတော့ ထုံးစံအတိုင်း ငရုတ်သီးဖြူးပါတယ်” ဆိုတဲ့ စာသားလေးနဲ့ ချက်ပြုတ်နေတဲ့ပုံရိပ်တွေကို တင်ခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire
ဖွေးဖွေး ရဲ့ ပုံရိပ်လေးတွေကြည့်ခြင်းအားဖြင့် သူမဟာ သရုပ်ဆောင် ကောင်းရုံသာမက မွန်မြတ်တဲ့ စိတ်ထားလေးကိုပါ တွေ့ရပါတယ်။ အခုလို စေတနာ သဒ္ဒါတရားပြည့်ဝတဲ့ မင်းသမီးလေး ဖွေးဖွေးလည်း အနုပညာလမ်းမှာ ဒီထက်မက အောင်မြင်မှုတွေ ပိုင်ဆိုင်ပါစေလို့ Channel X က ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ အလှူကို သာဓုခေါ်ကြပါဦးနော်။

Related