သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေနေမှု ဗီဒီယိုကို သရုပ်ဆောင် မေကဗျာက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

သရုပ်ဆောင် မေကဗျာ အပါအဝင် နိုင်ငံကျော် သရုပ်ဆောင်များဖြစ်ကြတဲ့ ကျော်ရဲအောင်၊ မေသန်းနု၊ နေဒွေး နဲ့ အနုပညာရှင်များစွာ တို့က ပြဇာတ်တစ်ခုအတွက် ဇာတ်တိုက်လေ့ကျင့်နေကြတာပဲ ဖြစ်ပါတယ်။ ပြဇာတ်တိုက်တဲ့အခါ ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို သရုပ်ဆောင် မေကဗျာက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လေ့ရှိပါတယ်။ အခုဆိုရင်လည်း ပြဇာတ်တိုက်ဖို့ရောက်နေရင်း စင်ပေါ်မှာ သရုပ်ဆောင် ကျော်ရဲအောင် တစ်ယောက် တစ်ကိုယ်တော် ဖျော်ဖြေနေတာကို “အကိုလိုရော ဆရာလိုရော ဦးလေးလိုရော ချစ်ဖို့ကောင်းသော ဦးနိုင်” ဆိုတဲ့ စာသားလေးနဲ့အတူ ဗီဒီယိုလေးတင်လာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာဆိုရင်လည်း ကျော်ရဲအောင်ဟာ ကိုယ်ပိုင်စာသားတွေနဲ့ သီချင်းတစ်ပုဒ်ကို ပျော်ပျော်ရွှင်ရွှင် သီဆိုနေတာပဲ ဖြစ်ပါတယ်။ မေကဗျာတင်ထားတဲ့ ကျော်ရဲအောင်ရဲ့ ဖျော်ဖြေမှုဗီဒီယိုလေးကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related