သရုပ်ဆောင် ခိုင်သင်းကြည်က သမီးဖြစ်သူ စံထိပ်ထားဦး နဲ့အတူ ပုံစံတူပုံရိပ်လေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

အကယ်ဒမီ ခိုင်သင်းကြည်ဟာ ချစ်စရာကောင်းပြီး သွက်လက်တဲ့အမူအရာလေးတွေကြောင့် အခုအချိန်အထိ ပရိသတ်တွေရဲ့ အချစ်ကိုအပိုင်သိမ်းထားနိုင်တဲ့ မင်းသမီးတစ်ဦးပါ။ သူမဟာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သမီးဖြစ်သူ စံထိပ်ထားဦး ဟာလည်း အခုဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။ နုပျိုတက်ကြွတဲ့ ခိုင်သင်းကြည်ကို ပရိသတ်တွေက သမီးဖြစ်သူနဲ့ ပုံတွေတက်လာတိုင်း ညီအစ်မတွေလား ဆိုပြီး ကျီစယ်လေ့ရှိပါတယ်။ အခုဆိုရင်လည်း ကြော်ငြာရိုက်ကူးရေးတစ်ခုမှာ ပုံစံတူပြင်ဆင်မှုလေးတွေနဲ့ ပုံရိပ်တွေကို ခိုင်သင်းကြည်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ သမီးဖြစ်သူနဲ့ အပြိုင် အမြဲနုပျိုလှပနေတဲ့ ခိုင်သင်းကြည်တို့ သားအမိနှစ်ဦးရဲ့ ပုံရိပ်တွေကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related