ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းပွဲ ပုံရိပ်တွေကို “အရည်ကြို” လူမှုကွန်ယက်စာမျက်နှာက ဖော်ပြလာခဲ့ပါတယ်။

အမေစုရဲ့ (၇၄) နှစ်ပြည့်မွေးနေ့ကို ဆူးလေ၊ မဟာဗန္ဓုလပန်းခြံမှာ ကိုမောင်မောင်အေး ကဦးဆောင်ပြီး အမေစုကိုချစ်ကြတဲ့ သားသမီး (၇၄၀) ဦးက ကဒ်ပြားများဖြင့် အမေစုရဲ့ပုံကို ပုံဖော်ပြီး မွေးနေ့ ဆုတောင်းပေးခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဒီပွဲအခမ်းအနားကို လူပေါင်းတစ်ထောင်ကျော်ခန့် တက်ရောက် ဝန်းရံခဲ့ကြတယ်လို့လည်း သိရပါတယ်။ တက်ရောက်လာခဲ့တဲ့ အမေစုကိုချစ်တဲ့ သားသမီးတွေက ဒေါ်ခင်ကြည်ဖောင်ဒေးကို ငွေကျပ် သိန်းတစ်ရာကျော် စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။ မိုးတွေရွာနေတဲ့ကြားက အမေစုကို ချစ်တဲ့သားသမီးတွေက တေးသံရှင် နီနီခင်ဇော်ရဲ့ “မျှော်လင့်ချက်တစ်စုံတစ်ရာ” သီချင်းနဲ့ အမေစုအတွက် တက်ညီလက်ညီ ဂုဏ်ပြုသီဆိုခဲ့ကြတာဟာ တကယ့်ကို ကြက်သီးထ စရာကောင်းလှပါတယ်။ ဒီလို ကြက်သီးထစရာကောင်းတဲ့ “အရည်ကြို” လူမှုကွန်ယက်စာမျက်နှာက ဖော်ပြခဲ့တဲ့ အမေစုအတွက် မွေးနေ့ဆုတောင်းမြင်ကွင်းတွေနဲ့ Account ပိုင်ရှင် ကိုကျော်ကျော်သန့်ရဲ့ Live Video ကို Channel X ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

(၇၄) နှစ်ပြည့်မွေးနေ့မှသည် “အမေစု ကျန်းမာပါစေ… သက်တော်ရာကျော် ရှည်ပါစေ” လို့ Channel X မှ မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Related