တေးသံရှင် လွှမ်းပိုင်က ပရိသတ်တွေ အတွက် ထိမိတဲ့စားတွေနဲ့အတူ အမိုက်စားဖန်တီးထားတဲ့ သီချင်းသစ်တစ်ပုဒ်ကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

R&B သီချင်းတွေ Rap သီချင်းတွေနဲ့ ပရိသတ်ရင်ထဲ နေရာယူထားတဲ့ လွှမ်းပိုင်ဟာ သီချင်းတွေနဲ့ အဆက်အသွယ်ပြတ်နေတာ ကြာသလောက်ဖြစ်နေပါပြီ။ အခုဆိုရင် လွှမ်းပိုင်ဟာ သရုပ်ဆောင် အလုပ်ကိုပါ လုပ်ကိုင်လာတာတွေ့ရပါတယ်။ သီချင်းတွေကို ရပ်နားထားပေမယ့် ရုပ်ရှင်ဇာတ်ကားတွေကိုတော့ ဆက်တိုက်ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ လွှမ်းပိုင်ရဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ သီချင်းတွေကို စောင့်မျှော်နေခဲ့ရပါတယ်။ အခုဆိုရင် ပရိသတ်တွေ မျှော်လင့်နေတဲ့ သီချင်းသစ်တစ်ပုဒ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီသီချင်းလေးဟာ အမိုက်စား စာသားတွေနဲ့ အတူ ဖန်တီးရိုက်ကူးထားတဲ့ အသဲကွဲသီချင်းလေး တစ်ပုဒ်ဖြစ်သလို ပရိသတ်တွေ အားပေးနှစ်ခြိုက်ကြတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေစောင့်မျှော်နေတဲ့ သီချင်းလေးဖြစ်တာကြောင့် လွှမ်းပိုင်ရဲ့ သီချင်းသစ်လေးကို Channel X ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related