သရုပ်ဆောင် ဇာဏ်ခီက ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီ နဲ့ပတ်သက်လို့ သူ့ရဲ့ အချစ်တွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖွင့်ဆိုလာပါတယ်။

ဇွန်လ (၁၂) ရက်နေ့ဟာ ပရိသတ်တွေလေးစားအားကျရတဲ့ အနုပညာရှင် ဇနီးမောင်နှံတွေဖြစ်ကြတဲ့ သရုပ်ဆောင် ဇာဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ရဲ့ ချစ်သူသက်တမ်း (၁၉) နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့လေး ဖြစ်တယ်လို့ သိရပါတယ်။
Simple, Free Image and File Hosting at MediaFire
သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ အရည်အသွေး ကောင်းမွန်တဲ့ ရုပ်ရှင်တွေကို ဖန်တီးနိုင်ရုံသာမက ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင်လည်း တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတာမို့လို့ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကို လေးစားအားကျ နေရပါတယ်။ အချစ်သက်တမ်းတွေကြာလာသော်လည်း ချစ်တတ်လွန်းတဲ့ ဇာဏ်ခီက အခုလိုနှစ်ပတ်လည်နေ့လေးမှာ ဒါရိုက်တာ ခရစ္စတီးနားခီ ကို ဘာကြောင့်ချစ်မိတယ် ဆိုတဲ့အကြောင်းကို အခုလိုပဲ ရေးသားဖော်ပြလာပါတယ်။
“ Happy Annie My Love “ဘာလို့ချစ်တာလဲ" လို့မေးတိုင်း "မသိဘူးလေ"လို့ဖြေမိတိုင်း စိတ်ကောက်ကောက်သွားတတ်တယ်။ တကယ်လဲဘာလို့လဲလို့ကိုယ့်ကိုယ်ကိုတွေးတိုင်း အဖြေမထွက်ဘူး။ သီချင်းရေးသူတစ်ယောက်အနေနဲ့ ကြားကောင်းအောင် ကြွေကျအောင် လျှောက်ပြောလို့တော့ရတာပေါ့နော်။ တစ်ခုသေချာမှတ်မိတာကတော့ သူငယ်ချင်းတွေစဖြစ်တုန်းက သူ့ကိုတွေ့ပြီဆိုရင်ပျော်တယ်။
Simple, Free Image and File Hosting at MediaFire
သူက ကိုယ့်ကိုပြုံးပြ ရယ်ပြတယ်ဆိုရင် ရင်ထဲမှာနွေးထွေးစေတယ် လုံခြံှမှုတစ်ခုခံစားရတယ်။ ဒဏ္ဍာရီ သီချင်းထဲကစာသားလို "အတိတ်ဘဝက ဆုံခဲ့ဖူးသလား" ဆိုတဲ့ ခံစားချက်မျိုးဖြစ်တယ်။ နေ့တိုင်းတွေ့ချင်နေမိတယ်။ သူ့စကားပြောသံတွေ အမြဲကြားချင်နေမိတယ်။ ဒါက အစပေါ့နော်။ရည်းစားတွေဖြစ်ပြီးတော့ စကားများ ရန်တွေဖြစ်တော့လဲ ထူးဆန်းတယ်။
Simple, Free Image and File Hosting at MediaFire
တစ်ခါတစ်လေပြောတာတွေကလွန်ကုန်ပြီး ပြတ်မယ်ဆိုလဲ ပြတ်လို့ရလောက်တဲ့အနေအထားတွေ ရောက်ကုန်တယ်။ ဒါပေမယ့် ပေကပ်ပြီးဆက်တွဲတယ်။ တေးထားခဲ့ဖူးတာတွေ အခုပြန်မှတ်မိဖို့ ကြိုးစားလဲ မမှတ်မိတော့ဘူး။ အဲ့ဒါ အချစ်လား” ဆိုပြီး ဇာဏ်ခီကရေးသားလာပါတယ်။
ဒီစာလေးကိုကြည့်ခြင်းအားဖြင့် (၁၉) နှစ်တာ ကာလလုံးမှာ ခီမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ချစ်ခင်ကြင်နာစွာ လက်တွဲလာခဲ့ကြတာကို ပေါ်လွင်စေပါတယ်။ ပရိသတ်တွေ ချစ်ရတဲ့ သရုပ်ဆောင် ဇာဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံလည်း နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနိုင်ပါစေလို့ Channel X မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Related