မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်က သူမရဲ့ ချစ်စရာကောင်းလွန်းလှတဲ့ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာတင်လာခဲ့ပါတယ်။

အကယ်ဒမီ ဝတ်မှုန်ရွှေရည်ဟာ မကြာသေးခင်ကမှ ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ Asia Model Awards ဆုကို ရရှိခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည် အတွက်ကတော့ ၂၀၁၉ ခုနှစ်ဟာ သူမအတွက် အောင်မြင်မှုတွေ ဆက်တိုက်ရနေတဲ့ နှစ်လို့လည်း ဆိုရပါမယ်။ အခုဆိုရင်လည်း သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဇင်ရော်မောင်မောင် နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ရိုက်ကူးပုံဖော်ပြီး ကိုရီးယား မင်းသား၊ မင်းသမီးနဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိကပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကြီး ရိုက်ကူးရေးအတွက် အနုပညာရှင် အဖွဲ့သားတွေက ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကလည်း ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကိုရောက်ရှိနေတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတင်လာခဲ့ပါတယ်။ သူမ တင်လာတဲ့ပုံလေးတွေမှာ ထူးခြားတာက သူမကို ဆံပင်အရှည်လေးနဲ့ မြင်တွေ့လိုက်ရတာပါပဲ။ ဝတ်မှုန်ရွှေရည်ကို ဆံပင်အတိုလေးနဲ့ မြင်နေရတာဟာ နှစ်အတော်တန်ကြာခဲ့ပါပြီ။ အခုလို ဆံပင်အရှည်လေးနဲ့ သူမရဲ့ပုံရိပ်တွေဟာ မှင်သက်လောက်စရာကောင်းလောက်အောင် လှရက်လွန်းနေပါတယ်။ လှလွန်းလို့ သူမရဲ့ပရိသတ်တွေတောင် ပြောစရာစကားမရှိတော့တဲ့ ဝတ်မှုန်ရွှေရည် ရဲ့ ပုံရိပ်တွေကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related