Myanmar Idol Season (4) စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ (၁၁) ရက်နေ့က Novotel Hotel မှာစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အဆိုပြိုင်ပွဲတွေထဲမှာ အအောင်မြင်ဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်သလို ပရိသတ်တွေတစ်ခဲနက် အားပေးခြင်းကိုခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ (၃) နှစ်ဆက်တိုက် အောင်မြင်မှုရရှိနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ အခုဆို (၄) ကြိမ်မြောက် Myanmar Idol Season (4) ကိုလည်း မကြာခင်မှာ အောင်မြင်စွာ ကျင်းပသွားတော့မယ်လို့ သိရပါတယ်။ Myanmar Idol Season (4) မှာ ထုံးစံအတိုင်း ကျော်ထက်အောင် ကပဲ Host အဖြစ်ပါဝင်သွားမှာဖြစ်ပြီးတော့ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်သွားမယ့်သူတွေကတော့ အောင်ကိုလတ်၊ တင်ဇာမော် နဲ့ ဖြူဖြူကျော်သိန်း တို့ (၃) ဦးပဲဖြစ်ပါတယ်။ အကဲဖြတ်ဒိုင်တွေအနေနဲ့လည်း Myanmar Idol Season (4) မှာ အကောင်းဆုံးသီဆိုနိုင်မယ့် ပြိုင်ပွဲဝင်အဆိုရှင်တွေကို ရင်ခုန်စွာနဲ့ မျှော်လင့်နေပါတယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဒိုင်တွေရဲ့လုပ်ပိုင်ခွင့်တွေနဲ့ အကောင်းဆုံး သေသေချာချာ ရွေးချယ်သွားမယ်လို့လည်း တေးသံရှင် ဖြူဖြူကျော်သိန်း ကဆိုပါတယ်။ Myanmar Idol Season (4) အတွက် အသံစစ်ဆေးမယ့် မြို့ကြီး (၅) မြို့ကတော့ တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဖားအံ နဲ့ ရန်ကုန်မြို့တို့ပဲ ဖြစ်ပါတယ်။ အသံစစ်ဆေးမယ့် နေ့နဲ့နေရာတွေကတော့ တောင်ကြီးမြို့ City Hall မှာ ဇွန်လ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ၊ မန္တလေးမြို့ Swan Hotel မှာ ဇွန်လ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ၊ တောင်ငူမြို့ Royal Kaytumadi Hotel မှာ ဇူလိုင်လ (၁) ရက်နေ့မှ (၂) ရက်နေ့အထိ၊ ဖားအံမြို့ Thiri Hpa An Hotel မှာ ဇူလိုင်လ (၉) ရက်နေ့မှ (၁၀) ရက်နေ့အထိ၊ ရန်ကုန်မြို့ Shwe Htut Tin မှာ ဇူလိုင်လ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ စစ်ဆေးပြုလုပ်သွားမယ်လို့သိရပါတယ်။
Channel X ပရိသတ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင်။

Related