သရုပ်ဆောင် မိုးဟေကိုက မြင်သူတကာမှင်သက်ရတဲ့ သူမရဲ့ လှပတဲ့ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အားပေးနှစ်သက်ခြင်းကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး မိုးဟေကိုဟာ အသက်တွေကြီးလာလေလေ ပိုလို့လှလာတာကို တွေ့ရပါတယ်။ မိခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် သူမဟာ အနုပညာအလုပ်တွေကို အချိန်အတန်ကြာ ရပ်နားခဲ့ပေမယ့် အခုအချိန်မှာတော့ ပရိသတ်တွေနဲ့ ပြန်လည်နီးကပ်လာပြီပဲ ဖြစ်ပါတယ်။ Facebook သုံးရတာ ဝါသနာမပါတဲ့ မိုးဟေကို ဟာ သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမရဲ့ Page ကနေတစ်ဆင့် သူမရဲ့ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ မိုးဟေကိုဟာ မေလ (၃) ရက်နေ့က သူမရဲ့ ပွဲတက်ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ အပြစ်အနာအဆာ မရှိလောက်အောင်ကို လှပလွန်းနေတဲ့ မိုးဟေကို ကို ပရိသတ်တွေကလည်း အချစ်ပိုနေကြပါတယ်။ မြင်သူတကာမှင်သက်ရလောက်အောင် လှလွန်းနေတဲ့ မိုးဟေကိုရဲ့ ပုံရိပ်တွေကို Channel X ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related