တေးရေးဆရာ ဝေကြီးက သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်သီဆိုထားတဲ့ “လိုင်းပေါ်မတင်ပါနဲ့” သီချင်းအသစ်လေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

တေးရေးဆရာ ဝေကြီးလို့ပြောလိုက်တာနဲ့ အသဲကွဲသီချင်းကောင်းကောင်းတွေကို ဖန်တီးနိုင်တဲ့ နာမည်ကြီး တေးရေးဆရာဆိုတာ လူတိုင်းနဲ့ စိမ်းမနေတော့ပါဘူး။ ဝေကြီး ရေးပေးလိုက်တဲ့ သီချင်းတိုင်းဟာ အောင်မြင်လူကြိုက်များသလို ဝေကြီး ရေးပေးတဲ့သီချင်းကိုမှ သီဆိုချင်ကြတဲ့ တေးသံရှင်တွေများစွာ ရှိကြတာကိုလည်း တွေ့ရပါတယ်။ ဝေကြီးဟာ သီချင်းရေးရာမှာ ခံစားမှုကောင်းရုံသာမက သီချင်းသီဆိုရာမှာလည်း ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဝေကြီးက သူ ကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်သီဆိုထားတဲ့ “လိုင်းပေါ်မတင်ပါနဲ့” အသဲကွဲသီချင်းအသစ်လေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ ဒီသီချင်းလေးမတင်ခင်ကတည်းက ပရိသတ်တွေကရော အနုပညာရှင်တွေကပါ စောင့်မျှော်နေကြတာကိုလည်း တွေ့ရပါတယ်။ ခံစားချက်တွေနဲ့ ထပ်တူကြစေမယ့် အသဲကွဲ သီချင်းလေး ဖြစ်တာမို့လို့ Channel X ပရိသတ်ကြီးလည်း ခံစားနားဆင်လို့ရအောင် ဝေကြီးရဲ့ “လိုင်းပေါ်မတင်ပါနဲ့” သီချင်းအသစ်လေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Related