သရုပ်ဆောင် ပွင့်နဒီမောင်ရဲ့ အိမ်ကို သူခိုးဖောက်ထွင်းခံရတဲ့အကြောင်းကို ပွင့်နဒီမောင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

သရုပ်ဆောင် ပွင့်နဒီမောင်ရဲ့ အိမ်ကို မေလ (၂၇) နေ့၊ ည (၂) နာရီ အချိန်မှာ သူခိုးဝင်ရောက် ဖောက်ထွင်းခဲ့တယ်လို့သိရပါတယ်။ ပွင့်နဒီမောင်က သူမအိမ်ကို သူခိုးက ဘယ်လိုဝင်ရောက် သွားတယ်ဆိုတဲ့အကြောင်းကို CCTV ဓာတ်ပုံတွေနဲ့တကွ အခုလိုပဲ ရေးသားဖော်ပြခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire
“27ရက်နေ့ည 2:00 မှာအိမ်ထဲဝင်ဖောက်သွားတဲ့သူခိုး။ လူတွေအကုန်အိပ်နေချိန် တစ်ယောက်ထဲသူ့အိမ်သူ့ရာလို အေးအေးဆေးဆေးဝင်ဖောက်တာ။ ကျမဆိုင်သုံး မီးခံသေတ္တာ ကိုအလုံးလိုက်မသွားတာ။ အိမ်မှာလူအိပ်တဲ့ အခန်းတွေကလွဲလို့တစ်အိမ်လုံးကို စိတ်ကြိုက် ဖွသွားတယ်။ တစ်အိမ်လုံးတစ်ယောက်မနိုးလို့။တစ်ယောက်သာနိုးရင်သတ်သွားမှာသေချာတယ်။
သွေးအေးအေးနဲ့ cctv ကိုတောင်မျက်နှာကိုလက်နဲ့အုပ်ပီးမော့ကြည့်သွားသေးတယ်။
Simple, Free Image and File Hosting at MediaFire
ကျမဒီ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ VIP1 မှာနေတာ ၁၀ စုနှစ်တစ်ခုရှိပါပီ။ တစ်ခါမှသူခိုးဝင်တယ်ဆိုတာကြုံလည်းမကြုံဘူး။
ကြားလည်းမကြားဖူးဘူး။ အတင့်ရဲစွာ ဝင်ခိုးရဲတဲ့ခေတ်ကြီးပါလား။ အင်မတန်သတိထားကြပါလို့။
ကိုယ်တွေရပ်ကွက်ကလုံခြုံတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire
အိမ်သားတွေလည်းအိမ်မှာရှိတယ်ဆိုပြီး သတိလက်လွတ် မနေကြပါနဲ့။ ခုခေတ်ကခေတ်ပျက်နေတာ။ လစ်ရင်ခိုးမယ်။ မိရင်သတ်ပြီးအကုန်ယူသွားမှာ။ ကလေးလူကြီးမရွေးသတ်နေကြတဲ့ခုခေတ်သူခိုးတွေရန်သတိထားကြပါလို့။ အိမ်အပြင်မှာ အသံကြားရင်တောင် ချက်ချင်းမထွက်ပဲ နီးစပ်ရာတစ်ခုခုကို အကြောင်းကြားသင့်ပါတယ်။ ပထမတော့ပို့စ်တင်ဖို့အစီအစဉ်မရှိဘူး။ဒါပေမယ့်ကျန်တဲ့သူတွေသတိရှိဖို့ရည်ရွယ်ပြီးတင်လိုက်တာပါ” ဆိုပြီး ပရိသတ်တွေ သတိရှိရအောင် ရည်ရွယ်ပြီး တင်လာခဲ့ပါတယ်။
ပွင့်နဒီမောင်က သူမကိုယ်တွေ့ အဖြစ်အပျက်ကို အသေးစိတ် သေသေချာချာပြောပြထားတာမို့လို့ Channel X ပရိသတ်တွေလည်း ရန်သူမျိုး (၅) ပါးရန်က ကာကွယ်နိုင်ကြပါစေ။

Related