“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးဟာ လက်ရှိမှာ သရုပ်ဆောင်ပေါင်းများစွာနဲ့ စတင်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense Flim Production မှထုတ်လုပ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ နေရွှေသွေးအောင်၊ စိုးမြတ်သူဇာ၊ နေခြည်ဦး နဲ့ မေဘရဏီသော် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သရုပ်ဆောင်ကောင်းများစွာနဲ့ ရိုက်ကူးနေတာမို့လို့ ဒီဇာတ်ကားလေးဟာ ဘယ်လိုဇာတ်လမ်းအနေအထားမျိုးနဲ့ ထွက်ရှိလာမလဲဆိုတာ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ အခုဆိုရင် ဒီဇာတ်ကားကြီးဟာ စတင်ရိုက်ကူးနေပြီ ဖြစ်သလို 7 Sense Flim Production ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဝေမင်းမောင်ကလည်း ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပေါ်က နေတိုး၊ သူရိယ၊ တိုင်ရွန် နဲ့ နေခြည်ဦးတို့ရဲ့ ပုံရိပ်တွေကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related