တေးသံရှင် တင်ဇာမော်က သူမကိုယ်တိုင်ဆော့ထားတဲ့ ဟာသ Tik Tok ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

Tik Tok ဗီဒီယိုတွေဟာ လက်ရှိမှာ လူငယ်တွေကြားမှာသာမက လူကြီးတွေကြားမှာပါ ရေပန်းစား လူကြိုက်များလို့နေပါတယ်။ Tik Tok မဆော့ဖူးတဲ့သူတွေ ဆော့ဖူးသွားကြရင်လည်း အရှိန်သတ်လို့ မရနိုင်အောင် ဆော့ကြတာကို တွေ့ရပါတယ်။ တေးသံရှင် တင်ဇာမော်ကလည်း သူမ တစ်ခါမှ မဆော့ဖူးတဲ့ Tik Tok ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ သူမက “ကလေးတွေနဲ့ ပေါင်းပြီး ပေါချင်တိုင်းကိုပေါနေတော့တာပဲ။ နဂိုကတည်းက ခပ်သွပ်သွပ်ရယ်။ မနေ့က သူတို့နဲ့ တစ်တော့ ကစားပါဆိုလို့ အေးအေးဆိုပြီး ကစားတာ။ အခုကျ ကိုယ်ပါ ပိုးဝင်သွားပြီ” လို့ ဆိုလာပါတယ်။ တင်ဇာမော် တင်ထားတဲ့ Tik Tok ဗီဒီယိုလေးအောက်မှာဆိုရင်လည်း သူမဟာ ပထမဆုံးအကြိမ် ဆော့တာဆိုပေမယ့် အိုက်တင်တွေကောင်းနေတာကြောင့် ပရိသတ်တွေက ချီးကျူးထားတာကိုလည်း တွေ့ရပါတယ်။ တင်ဇာမော်ကို ပိုးဝင်သွားအောင်လုပ်လိုက်တဲ့ Tik Tok ဟာသဗီဒီယိုလေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။

Related