မော်ဒယ် နဲ့ သရုပ်ဆောင် ခင်သဇင်က ဟာသ သရုပ်ဆောင် ကစ်ကစ် ဆုံးပါးသွားတဲ့ သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်လို့ မဟုတ်ကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ကျောက်ကပ် ဝေဒနာခံစားနေရတာ အချိန်အတော်ကြာရှိနေပြီပဲဖြစ်ပါတယ်။ ကစ်ကစ် တစ်ယောက် ဆေးရုံစတက်စဉ်ကတည်းက သူမရောဂါဝေဒနာအတွက် ဆေးကုသ စရိုက်တွေကို မော်ဒယ် နဲ့ သရုပ်ဆောင် ခင်သဇင် က စိတ်ရောကိုယ်ပါ ကူညီစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကစ်ကစ်ရဲ့ ကျောက်ကပ်ရောဂါဟာ အခြေအနေဆိုးဝါးလာတာကြောင့် သူမရဲ့ နေဝင်ချိန်ဟာလည်း နီးကပ်လို့လာပါတယ်။ လတ်တလောမှာ သူမရဲ့ ရောဂါကြောင့် သူမ ဆုံးပါးသွားပြီဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့လို့နေပါတယ်။ ဒီသတင်းဟာ အမှန်တကယ်မဟုတ်ကြောင်းနဲ့ ကစ်ကစ်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို မော်ဒယ် နဲ့ သရုပ်ဆောင် ခင်သဇင်က အခုလိုပဲရေးသားဖော်ပြလာပါတယ်။
“အခုတင် ရှုတင်ကအပြန် မကစ်ကို ကျောက်ကပ်ဆေးတာ ဝင်ကြည့်ပြီး ခုတင် ၅၀၀ ကို ပြန်ပို့ပေးခဲ့တာပါ။ အစားလည်း မစားသလို စကားလည်း မပြောတော့ပါဘူး။ ဒီအချိန်က အားလုံး ဝိုင်းဆုတောင်းပေးကြရမယ့် အချိန်ရောက်နေပါတယ်။ ပဌာန်းလေးဖွင့်ပေးမှ မျက်စိပွင့်လာပါတယ်။
ဒီည ဆရာမ တိုင်းတာတော့ အပေါ်သွေး အောက်သွေး ပုံမှန် နဲ့ နှလုံးခုန်နှုန်း ၈၉ ပါ။ ပုံမှန်ပဲလို့တော့ ဆရာဝန်ကပြောပါတယ်။ ဒီည ဓာတ်မှန်လည်းရိုက်ခဲ့ပါတယ်။ သွေးအဖြေလည်း ကောင်းပါတယ်။
အကြောင်းစုံကတော့ မနက်ဖြန် မှ အဖြေတွေ ထပ်သိရပါမယ်။ အားလုံးဝိုင်းဆုတောင်းပေးကြပါ။
ဆုံးပြီလို့ မပြောကြပါနဲ့တော့နော်။ သူပြန်သိလည်း မကောင်းပါဘူး။ အတက်နိုင်ဆုံးကြိုးစား ကုပေးနေပါတယ်။ ဝိုင်းဆုတောင်းပေးကြပါ။ သူ့ကို စိတ်မလျော့လိုက်ဖို့ အကြိမ်ကြိမ် မှာခဲ့ပါတယ်။ ခေါင်းညိမ့်ရှာပါတယ်။ သူ အားတင်းထားဖို့ပဲ မျှော်လင့်ပါတယ်။ ဆုတောင်းပေးကြပါနော်” လို့ ခင်သဇင်က ရေးသားလာပါတယ်။
တစ်ချိန်က ပရိသတ်တွေကို ရယ်မောစေခဲ့တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ် ကို Channel X ပရိသတ်တွေကလည်း ဝိုင်းလို့ဆုတောင်းပေးခဲ့ပါဦးနော်။

Related