မော်ဒယ်/သရုပ်ဆောင် ထူးအောင်က Workout Motivation Video လေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

ထူးအောင် လို့ပြောလိုက်တာနဲ့ သူ့ရဲ့ အမိုက်စား Body Structure ကြောင့် မိန်းကလေးပရိသတ်တွေ သဘောကျရုံသာမက ယောကျာ်းလေး အချင်းချင်းကပါ အားကျနေရပါတယ်။ ထူးအောင်ဟာ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပေမယ့် အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ ကျန်းမာရေးကိုလိုက်စားသူတစ်ဦးဖြစ်သလို သူ့ရဲ့ အမိုက်စား ကြွက်သားတွေကို အမြဲထိန်းသိမ်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင်လည်း သူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ သူ့ရဲ့အမိုက်စား ကြွက်သားတွေကို အသားပေးရိုက်ကူးထားတဲ့ Workout Motivation Video လေးကို တင်လာခဲ့ပါတယ်။ Workout Motivation Video ဖြစ်တာကြောင့် ဒီဗီယိုကို ကြည့်မိတဲ့အမျိုးသားတိုင်း ထူးအောင်လို ဗလတောင့်တောင့် ယောကျာ်းမျိးဖြစ်ချင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အရွယ်အစားကြောင့် စိတ်ဓာတ်ကျနေတဲ့ သူတွေအတွက် အင်အားဖြစ်စေဖို့ ထူးအောင် ရဲ့ Workout Motivation Video လေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related