သရုပ်ဆောင် ပွင့်နဒီမောင်က “ဧည့်သည်” ဇာတ်ကားနဲ့ ရွှေမှုန်ရတီကို အကယ်ဒမီပေးလိုက်ပြီဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားလာပါတယ်။

Simple, Free Image and File Hosting at MediaFire
ဖြိုးငွေစိုး၊ ရွှေထူး၊ ရွှေမှုန်ရတီ နဲ့ နေခြည်ဦး တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် လူငယ်ဇာတ်ကားလေးဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေကြားမှာ သာမက အနုပညာရှင်တွေကြားမှာပါ ရေပန်းစားနေတာတွေ့ရပါတယ်။ ဒီဇာတ်ကားလေးရဲ့ Press Show ကို မေလ (၂၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တတ်ရောက်အားပေးခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
ဒီဇာတ်ကားလေးကို သွားရောက်ရှိကြည့်ရှုခဲ့တဲ့ သရုပ်ဆောင် ပွင့်နဒီမောင်က ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ အားသာချက်တွေသာမက “မြူမိုး” အဖြစ်သရုပ်ဆောင်ထားတဲ့ ရွှေမှုန်ရတီကိုလည်း ဒီ ဇာတ်ကားနဲ့ အကယ်ဒမီပေးတယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ ရေးသာဖော်ပြလာပါတယ်။
Simple, Free Image and File Hosting at MediaFire

“သို့ ….ဒီကားနဲ့ ကျမရွှေမှုန်ကို အကယ်ဒမီ ပေးတယ် ကွာ.....ကြိုက်လွန်းလို့ပါ....
အနုပညာနဲ့ပတ်သတ်ပီးမွေးရာပါ ပါရမီရှင်ပါ.... တစ်ကားလုံး ပီးတဲ့ အထိ ပါးပါးလေးနဲ့ ရင်ထဲကိုရောက်အောင် ခေါ်ခဲ့တာ .....ဟိတ်ကောင် ဘီးကျဲ ဖြိုးငွေစိုး သဘာဆိုတာပြလိုက်နိုင်ပီလေ....ရွှေထူးရဲ့ချစ်ပြတတ်တဲ့အိုက်တင်က ယခုကားရဲ့အသက်ပဲ။ 7sense group ရဲ့ အင်နဲ့ အားနဲ့ ချပြလိုက်တဲ့ အနုပညာတွေ အားလုံး ပရိသတ် ရင် ထဲကျန်ခဲ့အောင် လုပ်နိုင်ခဲ့ပီ။ Romantic ကားလေးပါ ဒါပေမဲ့ ကွဲထွက်နေတယ်။ ရင်ထဲက စကားပါ ဂုဏ်ယူပါတယ်။
အများကြီး အောင်မြင်ပါစေ” လို့ ပွင့်နဒီမောင်က ရေးသားလာခဲ့ပါတယ်။
“ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ မေလ (၃၀) ရက်နေ့မှာ ရုံတင်ပြသတော့မယ်လို့လည်း သိရပါတယ်။
Simple, Free Image and File Hosting at MediaFire

Related