နေရွှေသွေးအောင်ဟာ မတ်လ (၂၂) ရက်နေ့မှာကျရောက်တဲ့ မွေးနေ့လေးကို သူချစ်ရတဲ့ သူတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။

နေရွှေသွေးအောင်ဟာ ကမ္ဘာကျော်အဆိုတော် Enrique lglesias ရဲ့ သီချင်းတွေကို Cover Song အနေနဲ့ ရိုက်ကူးသီဆိုရင်း အခုဆိုရင် အနုပညာလောကထဲကို ခြေလှမ်းစလှမ်းနေပြီပဲဖြစ်ပါတယ်။ နေရွှေသွေးအောင်ဟာ မကြာသေးခင်ကမှ အကယ်ဒမီ နေတိုး၊ သရုပ်ဆောင် နေခြည်ဦးတို့နဲ့အတူ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။
Simple, Free Image and File Hosting at MediaFire
ဒီဇာတ်ကားလေးဟာ နေရွှေသွေးအောင် အတွက်တော့ ပထဆုံးအကြိမ်ရိုက်ကူးဖြစ်တဲ့ ပွဲဦးထွက်ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကို နေတိုး၊ နေရွှေသွေးအောင် ၊ နေခြည်ဦး (နေသုံးယောက်) ပါဝင်ရိုက်ကူးထားတဲ့အတွက်ကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံထားရပါတယ်။ နေရွှေသွေးအောင်က အနုပညာအပေါ် ရူးသွပ်ပြီးအလေးထား ဖန်တီးတတ်သူတစ်ဦးဖြစ်ကြောင်းကို သူနဲ့အလုပ်အတူတွဲလုပ်ဖူးတဲ့ အနုပညာရှင်တွေရဲ့ ပြောစကားအရ သိရပါတယ်။ အခုဆိုရင်လည်း နေရွှေသွေးအောင်က သူ့ရဲ့ (၂၈) နှစ်ပြည့် မွေးနေ့လေးမှာ ချစ်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ပုံလေးကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
ဒီပုံလေးရဲ့အောက်မှာလည်း အနုညာရှင်များက မွေးနေ့ ဆုတောင်းပေးကြတာကိုလည်း တွေ့ရပါတယ်။
Simple, Free Image and File Hosting at MediaFire
သူငယ်ချင်းဖြစ်သူ “သူရိန်မိုးကျော်” ကလည်း Birthday Cake ခွဲတဲ့ ပျော်ရွှင်စရာဗီဒီယိုလေးကိုတင်ထားခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
(၂၈) ပြည့်မွေးနေ့မှသည် ချစ်ရတဲ့အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်နိုင်ပါစေလို့ Channel X မှ မွေးနေ့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Related