တေးသံရှင် ရဲလေးက “အရူးကမ္ဘာ” သီချင်း MTV အသစ်လေးကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

လွန်ခဲ့သောဆယ်စုနှစ်ကျော်ကတည်းက အခုချိန်အထိ ပရိသတ်တွေရင်ထဲမှာ နေရာယူထားတဲ့ ရဲလေးကတော့ ပရိသတ်တွေရဲ့ ခံစားချက်တွေနဲ့ ကိုက်ညီမယ့် သီချင်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးလိုက် ပြန်ပါပြီ။ ရဲလေး မိတ်ဆက်ပေးလိုက်တဲ့ “အရူးကမ္ဘာ” သီချင်းလေးဟာ ကိုယ့်ကိုထားသွားတဲ့ ချစ်သူကို ချစ်နေသေးတဲ့ စိတ်တွေ၊ နာကျည်းတဲ့ စိတ်တွေကို ပေါ်လွင်အောင် ရေးသားသီဆိုထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ ထိမိတဲ့ စားသားတွေကြောင့် ခံစားချက်ခြင်းတူတဲ့ ပရိသတ်တွေကတော့ ဒီသီချင်းလေးရဲ့ စာသားတိုင်းကို ကြိုက်နှစ်သက်နေကြတာကိုလည်း တွေ့ရပါတယ်။ ကိုယ်ချစ်ရတဲ့ ချစ်သူကို ဆုံးရှုံးဖူးတဲ့ သူတိုင်းအတွက် ခံစားလို့ကောင်းမယ့် သီချင်းလေး ဖြစ်တာကြောင့် Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ခံစားချက်တွေတိုက်ဆိုင်သွားမယ်ဆိုရင် Like & Share လေးနဲ့ အားပေးသွားပါဦးနော်။

Related