ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ “ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ဟာ ထွက်ရှိလာခဲ့ပါပြီ။

ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုန်ရတီ နဲ့ နေခြည်ဦးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ စတင်ရိုက်ကူးခဲ့စဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင် ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုန်ရတီ နဲ့ နေခြည်ဦးတို့ကလည်း မိမိတို့ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်ထားကြတာကိုလည်း တွေ့ရပါတယ်။ ဒီဇာတ်ကားလေးဟာ လူငယ်ချစ်သူတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ကြောင့်ဖြစ်ရတဲ့ ပြသနာလေးတွေ၊ ချစ်သူရှိတဲ့ ကောင်လေးကိုမှ ရင်ခုန်မိတဲ့ ကောင်မလေးတစ်ယောက် နာကျင်မှုတွေ၊ ချစ်သူကိုအရာရာခွင့်လွှတ်နားလည်ပြီး လက်မလွှတ်နိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပေးဆပ်မှုတွေကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ အရမ်းချစ်တဲ့ မိန်းကလေးနှစ်ယောက်ရဲ့ အားပြိုင်မှုတွေကြားမှာ “နေလ” ဆိုတဲ့ကောင်လေးရဲ့ အချစ်က ဘယ်သူ့ဘက်မှာရှိနေမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတာကြောင့် ဒီဇာတ်ကားလေးရဲ့ အမြည်းလေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ “ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာ မေလ (၃၀) ရက်နေ့မှာ ရုံတင်ပြသတော့မယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားလေးအပေါ် ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်းပြောပြသွားပါဦးနော်။

Related