တေးသံရှင် နန်းဆုရတီစိုးက သီချင်းသစ်လေးတစ်ပုဒ်ကို မေလ (၁၂) ရက်နေ့က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

တေးသံရှင် နန်းဆုရတီစိုးရဲ့ “ကမ်းမဲ့လှေ” သီချင်းသစ်လေးကို ချစ်သူဖြစ်သူ G Fatt က ကိုယ်တိုင်ရေးသားပေးထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ အွန်လိုင်းပေါ်တင်တင်ချင်း (၂) ရက် မပြည့်ခင်မှာပဲ ကြည့်ရှုသူ တစ်သန်းကျော်ရှိနေပါပြီ။ “ကိုယ်ဘယ်လောက်ပဲ ပေးဆပ်ပြီးချစ်ခဲ့ ချစ်ခဲ့ အဲ့ပေးဆပ်မှုတွေကို သူတန်ဖိုးမထားတက်တဲ့အခါ .. သေချာတာ လမ်းခွဲကြရုံပေါ့ ..ဒီလိုနဲ့ သူဟာ ကိုယ့်ကမ်းဆီ ဘယ်တော့မှ ပြန်ကပ်ခွင့်ပြုတော့မှာ မဟုတ်တဲ့ ကမ်းမဲ့လှေ တစ်စင်းဖြစ်ခဲ့ပါကြောင်း” ဆိုတဲ့အကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။ ချစ်သူကို တန်ဖိုးထားချစ်တတ်တဲ့ သူတွေ အသည်းကွဲနေတဲ့ သူတွေအတွက် ခံစားလို့ကောင်းမယ့်သီချင်းလေးဖြစ်တာကြောင့် ပရိသတ်များစွာ နှစ်သက်သဘောကျကြတာကိုလည်း တွေ့ရပါတယ်။ ချစ်သူဖြစ်သူ G Fatt ရေးပေးတဲ့ သီချင်းလေးတွေက တေးသံရှင် နန်းဆုရတီစိုး အတွက် အောင်မြင်မှုတွေများစွာရခဲ့တာကြောင့် ပရိသတ်တွေကလည်း သူတို့ချစ်သူနှစ်ဦးသီဆိုမယ့် စုံတွဲ သီချင်းလေးကိုလည်း စောင့်မျှော်နေကြပါတယ်။ အခုတော့ ပရိသတ်တွေကြားရေးပန်းစားနေတဲ့ တေးသံရှင် နန်းဆုရတီစိုးရဲ့ “ကမ်းမဲ့လှေ” သီချင်းသစ်လေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။ ပရိသတ်ကြီးက ဒီသီချင်းလေးကို ကြိုက်နှစ်သက်ရင် Like & Share လေးနဲ့ အားပေးသွားပါဦးနော်။

Related