“သူဘယ်သူလဲ” ဇာတ်ကားကြီးကို မတ်လ (၁၀) ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

“သူဘယ်သူလဲ” ဇာတ်ကားကြီးကို ဒါရိုက်တာ မေဘရဏီ ကရိုက်ကူးပြီး ပိုင်တံခွန်၊ ချမ်းမင်းရဲထွဋ်၊ နေလင်းရှိန် နဲ့ သင်ဇာဝင့်ကျော် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်တာကြောင့် ဘယ်လိုဇာတ်ကောင်အမျိုးအစားတွေနဲ့ ထွက်ပေါ်လာဦးမလဲဆိုတာ ရင်ခုန်စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ “သူဘယ်သူလဲ” ဇာတ်ကားကြီးကို Sky Net (Pay Per View) မှာ မကြာခင်တင်ဆက် ပြသသွားမယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားကို စတင်ရိုက်ကူးနေတဲ့ ပုံရိပ်တွေကို ဒါရိုက်တာ ဝေမင်းမောင်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ ချမ်းမင်းရဲထွဋ်၊ နေလင်းရှိန် နဲ့ သင်ဇာဝင့်ကျော် တို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ချမ်းမင်းရဲထွဋ်၊ နေလင်းရှိန် နဲ့ သင်ဇာဝင့်ကျော် တို့ကို ချစ်တယ်ဆိုရင် ပရိသတ်ကြီးက Like & Share လေးနဲ့ အားပေးသွားပါဦးနော်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related