သရုပ်ဆောင် မိုးအောင်ရင်ဟာ နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မေလ (၇) ရက်နေ့က လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူ ဦးအောင်ရင်က သားဖြစ်သူ ပြစ်ဒဏ်မှ လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲ ရေးသားလာပါတယ်။
“ကျနော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ။ လွတ်မြောက်ခွင့် ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွတာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာ ပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကျနော်တို့မိသားစုကို စောင့်လျှောက်ဖေးမ ကူညီကြသူများအားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ” ဆိုပြီး ရေးသားလာပါတယ်။ သားဖြစ်သူ မိုးအောင်ရင်ကိုလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ဖို့ Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ထုတ်လုပ်သူ ကိုအုန်းဝင်းနဲ့ မအေးအေးဝင်းကို ပြန်အပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင်သရုပ်ဆောင် မိုးအောင်ရင်က အကျဉ်းထောင် ကျခံနေစဉ်အတွင်းမှာလည်း ထောင်သားတွေကို အင်္ဂလိပ်စာဆရာအဖြစ်နဲ့ စာသင်ကြားပေးခဲ့တယ်လို့ Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ထုတ်လုပ်သူ ကိုအုန်းအေးက သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Simple, Free Image and File Hosting at MediaFire
အခုလို မိုးအောင်ရင်တစ်ယောက် ပြစ်ဒဏ်မှပြန်လည်လွတ်မြောက်လာတာနဲ့ပတ်သက်လို့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ဝမ်းသာကြည်နူးနေကြပါတယ်။ ပြစ်ဒဏ်မှပြန်လည်လွတ်မြောက်လာတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ မိသားစုနဲ့အတူ ကြည်နူးစရာ ကောင်းတဲ့ပုံရိပ်တွေကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related