သရုပ်ဆောင် ခိုင်သင်းကြည်က ဆလုံကျွန်းသူကျွန်းသားတွေနဲ့ တွဲရိုက်ထားတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

ပရိသတ်တွေက ချစ်ခင်နှစ်သက်ကြတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်က မိသားစုနဲ့ အတူ မြိတ်ကျွန်းစုကို အလည်အပတ်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ မခိုင်လေးဟာ မကြာသေးခင်ကမှ ဘာလီကျွန်းကို သွားရောက်လည်ပတ်ခဲ့တယ်လို့လည်း သိရပါတယ်။ အခုဆိုရင်လည်း မြိတ်ခရီးစဉ်လေးဟာ သူမတို့ မိသားစုအတွက် အရမ်းကို ပျော်ခဲ့ရတဲ့ခရီးလေး ဖြစ်တယ်လို့လည်း မခိုင်လေးက ဆိုပါတယ်။ ခိုင်သင်းကြည်တစ်ယောက် ဆလုံကျွန်းကိုရောက်တဲ့ အခါမှာတော့ ရိုးသားတဲ့ ဆလုံကျွန်းသူ ကျွန်းသားတွေနဲ့ ဓာတ်ပုံရိုက်ချင်လို့ ပြန်ပြီးခွင့်တောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ပူပြင်းလှတဲ့အခုလိုရာသီမျိုးမှာ အကျီင်္မဝတ်ကြတဲ့ ကလေးတွေရဲ့ စတိုင်ကို မခိုင်လေးက သဘောကျလို့နေပါတယ်။ ဒီလိုအမိုက်စားဖြစ်နေတဲ့ ရိုးသားတဲ့ဆလုံကျွန်းသူကျွန်းသားတွေနဲ့ ဓာတ်ဖမ်းခဲ့တဲ့ ခိုင်သင်းကြည်ရဲ့ ပုံရိပ်တွေကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးက ချစ်စရာကောင်းတဲ့ မခိုင်လေးကို အခုချိန်ထိ အားပေးကြသေးတယ်ဆိုရင် Like & Share လေးနဲ့ သက်သေပြသွားပါဦးနော်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related