နေရွှေသွေးအောင်က မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ နေတိုးကို အားအကျဆုံးလို့ ပြောလာခဲ့ပါတယ်။

Simple, Free Image and File Hosting at MediaFire
နေရွှေသွေးအောင်က ကမ္ဘာကျော်အဆိုတော် Enrique lglesias ရဲ့ သီချင်းတွေကို Cover Song အနေနဲ့ ရိုက်ကူးသီဆိုခဲ့ရာကနေ ပရိသတ်တွေပိုလို့ သတိထားမိလာခဲ့သူတစ်ဦးပါ။ လက်ရှိမှာ နေရွှေသွေးအောင်ဟာ ကြော်ငြာတွေ လက်ခံရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ ဒီလို အနုပညာ လမ်းမပေါ်ကို ခြေလှမ်းစဝင်ရောက်လာတဲ့ နေရွှေသွေးအောင်က “နေရွှေသွေးအောင်နှင့် အင်တာဗျူးကဏ္ဍ” မှာ သူ့အနေနဲ့ မြန်မာ့ အနုပညာလောကမှာ အကယ်ဒမီ နေတိုးကို အားအကျဆုံးဆိုပြီး ပြောလာပါတယ်။ သူ့အနေနဲ့ ဘာ့ကြောင့် နေတိုးကို အားကျရတယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲပြောပါတယ်။
“လက်ရှိအနေအထားမှာ အားလုံးကိုခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ နေတိုးကို အကြိုက်ဆုံးလို့ပဲ ကျွန်တော်ပြောရမယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော် နားလည်ထားရသလောက် မူးယစ်ဆေးဝါး ကင်းတယ်။ မိန်းမကိစ္စကင်းတယ်။ ငွေကြေးအရှုပ်အရှင်းလည်းကင်းတယ်။ အလုပ်ချိန်လည်း မှန်တယ်လို့ပြောတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း သူ့ရဲ့လုပ်ပိုင်ခွင့်ရော အခြားသူနဲ့မဆိုင်တဲ့ အလုပ်တွေကိုတောင်မှ သူကဝင်ပြီးတော့ ကူညီတတ်တယ်လို့ ကျွန်တော်ကြားတယ်။ နောက်ပြီးတော့ ဒီ Personal တွေဖြစ်တဲ့ တတ်တူးထိုးတာတို့ ဆံပင်ဆေးဆိုးတာတို့လည်း မရှိဘူးပေါ့နော်။ မီဒီယာများနဲ့လည်းသင့်မြတ်တယ်။ သူဆက်ဆံရေးကောင်းတယ်လို့လည်း ယူဆလို့ရတာပေါ့။
Simple, Free Image and File Hosting at MediaFire
နောက်တစ်ခု ကျွန်တော် ဘာသွားတွေ့လည်း ဆိုတော့ သူ့ရဲ့ညီ ဈာပနမှာပေါ့နော် မီဒီယာတွေရော ပရိသတ်တွေရောက တိုးဝှေ့ပြီး ဝင်ရောက်ကြတယ်။ သူက သူ့ညီအတွက် သောကရောက်နေပေမယ့် မျက်နှာပျက်တာလုံး၀ မတွေ့ရဘူး။ နောက်တစ်ခုက လာရောက်တဲ့ ပရိသတ်တွေရော မီဒီယာတွေရောကိုပါ ငြိုငြင်တာ တစ်ချက်မှ မတွေ့ရဘူး။ ဒီကြားထဲမှာတောင်မှ ပရိသတ်က သူ့ကို ပြုံးမပြလို့ဆိုပြီးတော့ ပြန်ပြီးတော့တောင်မှ ရယ်ပြလိုက်သေးတယ်ဆိုပြီး ကျွန်တော်တော့ ကြားတာပဲလေ။ အဲ့တော့ကျတော့ ကိုနေတိုးက မူးယစ်ဆေးဝါးလည်းကင်း၊ ငွေကြေးအရှုပ်အရှင်းလည်းကင်း၊ မိန်းမကိစ္စလည်းကင်း၊ လောင်းကစားလည်းကင်း၊ အချိန်လည်းမှန်တယ်၊ အလုပ်ကိုလည်းကြိုးစားပြီးတော့ လုပ်တယ်။ ပရိသတ်တွေနဲ့လည်းသင့်မြတ်တယ်။ မီဒီယာတွေနဲ့လည်း သင့်မြတ်တယ်။ သူ့ရဲ့စိတ်ခံစားမှုကိုလည်း သူက ထိန်းချုပ်နိုင်စွမ်းရှိတယ်။ ကျွန်တော် ပြောတာတွေဟုတ်မဟုတ်က ကိုနေတိုးနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ သူတွေတော့ သိမှာပဲလေ။ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့အတွက်ကြောင့်လည်း လက်ရှိမြန်မာ့အနုပညာလောကထဲမှာ ကျွန်တော်က သူ့ကို အားအကျဆုံးဖြစ်ပါတယ်” လို့ နေရွှေသွေးအောင်က ပြောပါတယ်။
အခုလို နေရွှေသွေးအောင်က နေတိုးအပေါ်သူ့ရဲ့ အမြင်လေးတွေကို Channel X ပရိသတ်ကြီးက သဘောကျ နှစ်သက်တယ်ဆိုရင် Like & Share လေးနဲ့ အားပေးပါအူးနော်။

Related