သရုပ်ဆောင် သက်မွန်မြင့်က စေတနာကောင်းတဲ့ ဒေသခံတွေနဲ့ ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် သက်မွန်မြင့်က ဇာတ်ကားရိုက်ကူးရေးနဲ့ ဂန့်ဂေါမြို့ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ သက်မွန်မြင့်တစ်ယောက် ဂန့်ဂေါမြို့မှာ ဇာတ်ကားရိုက်နေရင်း ချစ်တဲ့ပရိသတ်တွေလာပို့တဲ့ မုန့်မျိုးစုံ စားနေတာကိုလည်း တွေ့ရပါတယ်။
Simple, Free Image and File Hosting at MediaFire
ဂန့်ဂေါမြို့က ဒေသခံတွေက အစားတွေမျိုးစုံကျွေးသလို စေတနာကောင်းပြီး ချစ်စရာကောင်းတဲ့ ဆိုတဲ့အကြောင်းကို သက်မွန်မြင့်က အခုလိုပဲပြောလာပါတယ်။ “မရိုးဘူး နေ့တိုင်း တမျိုးတမျိုး မရိုးအောင်ကျွေးကြတာ.. ဒါတောင် သူများဖုန်းမှာ ပုံတွေ ကျန်သေးတယ် ဝ လာပြီလေ.. ရောက်စက ပိန်ခဲ့ပါတယ်။ အိပ်ရေးပျက်ရင် ဖောင်းအစ်တတ်တဲ့ မျက်နှာနဲ့ အစားမျိုးစုံကျွေးကြတဲ့ ဒေသရောက် ကျွန်မ ငါးပါးမှောက်။ အရမ်းချစ်တတ်ကြသော ရွာကို ရောက်လာခြင်းပါ.. ရိုက်ကူးရေးကိုလည်း အဆင်ပြေအောင် ကူညီကြတယ်.. ဇာတ်ကောင်က ဓါတ်ပုံရိုက်မရလို့ပါဆိုလည်း ဟုတ်ကဲ့ဆိုပြီး မရိုက်ကြတော့ဘူး.. ရုပ်တည်လည်း မာနကြီးတယ်မပြောကြဘူး.. သူအလုပ်လုပ်နေတယ်လေဆိုပြီး နားလည်မှုအပြည့်ပေးနိုင်ကြတဲ့ သူတွေ တကယ် ချစ်စရာကောင်းတဲ့ ဒေသလေး.. ကျေးဇူးအထူး တင်ပါတယ်လို့” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
ချစ်စရာကောင်းတဲ့ သက်မွန်မြင့် က ဒေသခံအန်တီကြီးတွေနဲ့ အဖွဲ့ကျနေတဲ့ ဗီဒီယိုလေးကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။

Related