လက်ရှိ အွန်လိုင်းမှာ ရေပန်းစားနေတဲ့ သက်တန့်ကြီးကွေးသွားတဲ့ ထက်ယံရဲ့ နွေးသွားတယ် MTV ထွက်ရှိလာခဲ့ပါတယ်။

လူငယ်တေးသံရှင်တစ်ဦးဖြစ်တဲ့ ထက်ယံ ရဲ့ “နွေးသွားတယ်” သီချင်းရဲ့ သီချင်းစာသားလေးတွေဟာ လက်ရှိ လူငယ်တွေကြားမှာ ရေပန်းစား လူကြိုက်များနေပါတယ်။ “နွေးသွားတယ်” သီချင်းလေးဟာ ထက်ယံရဲ့ “ရှေ့မှီနောက်မှီ” Album ထဲမှာပါဝင်ပြီးတော့ MTV မထွက်ခင်မှာပဲ ပရိသတ်တွေကြား ရေပန်းစားလို့နေခဲ့ပါတယ်။ အခုဆိုရင် “နွေးသွားတယ်” သီချင်းလေးဟာ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုတွေနဲ့သာမက မင်းသမီးချောလေး နွယ်ဒါလီထွန်းနဲ့အတူ Music Video ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ ဒီ Music Video လေးထဲမှာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာ ဇာတ်လမ်းမျိုးလေးကို ထည့်သွင်းရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီသီချင်းလေးထွက်လာပြီးပြီးချင်း (၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ သိန်းနဲ့ချီအောင်ရှိနေပါပြီ။ အဲ့တော့ သိပ်လှတဲ့ ချစ်သူလေး နွယ်ဒါလီထွန်း ကြောင့် သက်တန့်ကြီးကွေးသွားတဲ့ ထက်ယံရဲ့ နွေးသွားတယ် MTV လေးကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Channel X ပရိသတ်ကြီးလည်း Music Video လေးကိုကြိုက်တယ်ဆိုရင် Like & Share လုပ်သွားပါဦးနော်။

Related