သရုပ်ဆောင် နေတိုးဟာ မိသားစုနဲ့အတူ မွေးရပ်မြေရခိုင်ပြည်နယ်မှာ ကောင်းမှုအလှူတွေ ပြုလုပ်နေတဲ့ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

သရုပ်ဆောင် နေတိုးတို့မိသားစုဟာ ဧပြီလ (၅) ရက်နေ့မှာ မွေးရပ်မြေ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ မင်းသွေးတည်ထားခဲ့တဲ့ မဟာမုနိရှင်တော်မြတ်ဘုရားကြီးအား ဘုရားအနေကဇာ ဗုဒ္ဓပူဇနိယပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Simple, Free Image and File Hosting at MediaFire
သရုပ်ဆောင် နေတိုးက “ဘုရား တရား သံဃာ မိဘ ဆရာသမားများအားလုံးနဲ့ သူငယ်ချင်း ညီအကိုမောင်နှမများ ပရိသတ်များရဲ့ ကျေးဇူး ကြောင့် ဉာဏ်တော် ၉ပေ လက်မအားဖြင့်၁၀၈လက်မရှိသော (မဟာဇေယျသိဒ္ဓိမဟာမုနိရှင်တော် မြတ်ဘုရား)အား ဘုရားအနေကဇာတင် ရေစက်သွန်းချအလှူပွဲ ကြီးအောင်မြင်ခဲ့ပါပြီ။ လှူဒါန်းမှုအစုစုတို့အား အမျှပေးဝယ်ပါတယ်ခင်ဗျာ ၃၁ဘုံသားအပေါင်းအမျှရ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ” ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အလှူပုံရိပ်တွေနဲ့ အတူတင်ထားခဲ့ပါတယ်။ Simple, Free Image and File Hosting at MediaFire
မြင်ရတဲ့ပရိသတ်တိုင်း ကြည်နူးရတဲ့ မွန်မြတ်လှတဲ့ အလှူကြီးတစ်ခုလည်း ဖြစ်ပါတယ်။ Channel X ပရိသတ်ကြီးလည်း နေတိုးတို့မိသားစုပြုလုပ်တဲ့ ကုသိုလ်အစုစုကို သာဓုခေါ်လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Channel X ပရိသတ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related