သရုပ်ဆောင် အိစိကွေးက သူ့ရဲ့ပရိသတ်တွေရဲ့ Like ပေးကြမ်းမှုကြောင့် မိန်းကလေးလိုပြင်ဆင်ထားတဲ့ပုံတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်လာခဲ့ပါတယ်။

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုရရှိထားတဲ့ အိစိကွေးဟာ လက်ရှိမှာ သီချင်းတွေဆိုရင်းနဲ့ သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့တေးသီချင်းတွေဟာဆိုရင်လည်း ပရိသတ်တွေ အားပေးလက်ခံခြင်းကို ရရှိခဲ့ပါတယ်။ အမြဲလိုလိုတက်တက်ကြွကြွနဲ့ ပျော်ပျော်နေတတ်တဲ့ အိစိကွေးဟာ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ Challenge အမျိုးမျိုးလုပ်လေ့ရှိပါတယ်။ အခု သူစိန်ခေါ်ထားတဲ့ Challenge လေးက Like 2.5 k, Cmt 10 k ရခဲ့ရင် ယောကျာ်းလေးလိုပုံရော မိန်းကလေးလိုပြင်ပြီး ပုံပါတင်မယ်လို့ Challenge ခေါ်လိုက်ပါတယ်။ ပရိသတ်တွေ သူငယ်ချင်းတွေရဲ့ ဆေးထိုးကြမ်းမှုကြောင့် Like 2.6 k, Cmt 10 k ရရှိခဲ့တဲ့အတွက် သူ့ရဲ့ကတိအတိုင်း မိန်းကလေးလိုပြင်ဆင်ခြယ်သထားတဲ့ ပုံလေးတွေကိုတင်လာခဲ့ပါတယ်။ အိစိကွေးရဲ့ပုံလေးတွေက မိန်းကလေးမျက်နှာနဲ့ တူလွန်းနေတာကြောင့် ပရိသတ်တွေကလည်း ပုံလေးတွေကို ချစ်နေကြပါတယ်။ အိစိကွေး Challenge လက်ခံလိုက်တဲ့ မိန်းကလေးပုံစံလေးကို Channel X ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related