ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ “ယောက်ဖတောင်ကိုကျော်၍ ယောက္ခမပင်လယ်ကို ဖြတ်မည်” ဇာတ်ကားဟာ လက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာ ဝေဖန်မှုတွေများစွာရှိနေတာကို တွေ့ရပါတယ်။

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားနာမည်ကြီးခဲ့တဲ့ စာရေးဆရာကြီး မြသန်းတင့် ရေးသားခဲ့တဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထု နာမည်ကို “ယောက်ဖတောင်ကိုကျော်၍ ယောက္ခမပင်လယ်ကိုဖြတ်မည်” အမည်ဖြင့်ရိုက်ကူးထားတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ကို လေးစားတန်ဖိုးထားကြတဲ့သူတွေကလည်း ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြသခွင့်မပြုဖို့လည်း တိုက်တွန်းထားကြပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ဟာ မြန်မာစာရေးဆရာတွေထဲမှာ စာအရေးနိုင်ဆုံး စာရေးဆရာတစ်ဦးဖြစ်သလို အမျိုးသားစာပေ ဘာသာပြန် ဆုများရှင်တစ်ဦးလည်းဖြစ်ပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ဟာ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထုကိုမွေးထုတ်ပေးခဲ့ပြီး ဒီဝတ္ထုဟာ အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရတဲ့ အောင်မြင်ကျော်ကြားတဲ့ဝတ္တုကောင်းတစ်ပုဒ်လည်း ဖြစ်ခဲ့သလို ဇာတ်ကားအနေနဲ့ ပြန်လည်ရိုက်ကူးခဲ့တုန်းကလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အခုချိန်မှာ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ “ယောက်ဖတောင်ကိုကျော်၍ ယောက္ခမပင်လယ်ကို ဖြတ်မည်” အမည်နဲ့ ဇာတ်ကားပေါ်ထွက်လာတဲ့အခါမှာတော့ ပရိသတ်တွေသာမက စာပေကိုတန်ဖိုးထားသူတွေကလည်း ဒီဇာတ်ကားကို ဝေဖန်ပြစ်တင်ကြတာကို တွေ့ရပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွဋ်ကလည်း အခုလိုပဲဆိုထားပါတယ်။
Simple, Free Image and File Hosting at MediaFire
စာရေးဆရာကြီး မြသန်းတင့်ကို တန်ဖိုးထားသူတစ်ဦးကလည်း စာရေးဆရာကြီး မြသန်းတင့် နဲ့ပတ်သက်ပြီး အခုလိုပဲဆိုထားပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire
ဒီလို လူအများက လေးစားတန်ဖိုးထားရတဲ့ စာရေးဆရာကြီး မြသန်းတင့် ရဲ့ အဖိုးမဖြတ်နိုင်တဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထု နာမည်ကို “ယောက်ဖတောင်ကိုကျော်၍ ယောက္ခမပင်လယ်ကိုဖြတ်မည်” ဇာတ်ကားနာမည်နဲ့ပေါ်ထွက်နေတဲ့အပေါ် Channel X ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်း ပြောပြပေးသွားပါဦးနော်။

Related