တေးသံရှင် ဟဲလေး “စမူဆာ” Music Video လေးဟာ (၂.၄.၂၀၁၉) ရက်နေ့မှာ ထွက်ရှိလာခဲ့ပါပြီ။

အမြဲလိုလို အမိုက်စား သီချင်းတွေကို ဖန်တီးတတ်တဲ့ တေးသံရှင် ဟဲလေး ကတော့ အခုဆိုရင်လည်း နာမည်အထူးအဆန်းဖြစ်တဲ့ “စမူဆာ” Music Video ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ “စမူဆာ” Music Video ထဲမှာ ပုရိသတွေရဲ့ အသည်းကျော် သင်ဇာဝင့်ကျော်က ဆွဲဆောင်မှုရှိတဲ့ ရိုက်ချက်တွေနဲ့ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ Music Video မထွက်ခင်ကတည်းက သင်ဇာဝင့်ကျော် နဲ့ “စမူဆာ” ဆိုတဲ့ သီချင်းနာမည်လေးကြောင့် ပရိသတ်တွေ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်မှုတွေနဲ့ ဟဲလေးရဲ့ ထိမိတဲ့သီချင်းစာသားလေးတွေကို Channel X ပရိသတ်တွေ ခံစားလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related