Frenzo Artists တွေရဲ့ “ငါ့ရည်းစားကပိုမိုက်တယ်” ဗီဒီယိုလေးဟာ (၁.၄.၂၀၁၉) ရက်နေ့က ည (၈)နာရီ အချိန်မှာ ထွက်ရှိလာခဲ့ပါတယ်။

Frenzo ညီအကိုတွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ နေဝင်း၊ ဂျွန်၊ ကိကိကျော်ဇော၊ ဖြိုးလေး၊ G Fatt ၊ ဘန်နီဖြိုး တို့သီဆိုထားပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Sai is Sai Sai Album ထဲမှာပါဝင်တဲ့ “ငါ့ရည်းစားကပိုမိုက်တယ်” သီချင်းလေးဟာ အခုဆိုရင် MTV အနေနဲ့ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ ဒီ MTV လေးဟာ Animated Video ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခြား Music Video တွေနဲ့ ကွဲထွက်နေတာကိုတွေ့ရသလို ထူးခြားတဲ့ အနုပညာရသတစ်ခုကို ခက်ခက်ခဲခဲ ဖန်တီးပုံဖော် ထားတာကိုလည်း တေ့ွရပါတယ်။ ဒီသီချင်းလေးဟာ Mp3 ထွက်ကတည်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို အထူူးခံထားရသလို အခု Animated Video အနေနဲ့ထွက်ရှိလာတဲ့အခါမှာလည်း (၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ သိန်းနဲ့ချီအောင်ရှိနေပါတယ်။ ဒီလို သီချင်းလေးကလည်းမိုက်ပြီး ထူးခြားဆန်းသစ်တဲ့ Animated Video လေးဖြစ်တဲ့ Frenzo Artists တွေရဲ့ “ငါ့ရည်းစားကပိုမိုက်တယ်” ဗီဒီယိုလေးအပြည့်အစုံကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အားပေးတယ်ဆို Like & Share လေးလုပ်သွားပါဦးနော်။

Related