မော်ဒယ် နဲ့ သရုပ်ဆောင် ပိုင်တံခွန်က သူ့ရဲ့အမိုက်စားကြွက်သားတွေကို အသားပေးထားတဲ့ ဗီဒီယိုလေးတွေကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

လက်ရှိမှာ ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်အခိုင်အမာရရှိထားတဲ့ မော်ဒယ် နဲ့ သရုပ်ဆောင် တစ်ဦးလည်းဖြစ်သလို ပိုင်တံခွန် ရဲ့ ကျစ်လျစ်လှတဲ့ အမိုက်စားကြွက်သားတွေဟာဆိုရင်လည်း ပရိသတ်တွေကို ဖမ်းစားထားလို့ နေပါတယ်။ နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်ချစ်ရတဲ့ ပိုင်တံခွန်ကတော့ လက်ရှိမှာ ရိုက်ကူးရေးတွေ ပွဲတက်တွေနဲ့ မအားမလပ်ဖြစ်နေတာကို တွေ့ရပါတယ်။ အခုဆိုရင်လည်း မန္တလေးမြို့ကိုရောက်ရှိနေတုန်းမှာ သူ့ရဲ့အမိုက်စားကြွက်သားတွေကို အသားပေးထားတဲ့ ဗီဒီယိုလေးတွေကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ ဗီဒီယိုတင်တင်ချင်းမှာပဲ မိန်းကလေးပရိသတ်တွေ သဲသဲလှုပ် ကွန်မန့်တွေရေးကြတာကိုလည်း တွေ့မြင်ရပါတယ်။ အဲ့တော့ ပိုင်တံခွန်တင်လိုက်တဲ့ ဗီဒီယိုလေးက ဘယ်လောက်ထိမိုက်နေမလဲဆိုတာ Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Related