တေးသံရှင် အိမ့်ချစ်ဟာ သူမရဲ့ (၂၈) နှစ်ပြည့်မွေးနေ့ပွဲလေးကို ချစ်ရတဲ့ အနုပညာရှင် မောင်နှမတွေနဲ့ အတူကျင်းပပြုလုပ်ခဲ့ပါတယ်။

တေးသံရှင် အိမ့်ချစ်က ဖျော်ဖြေရေးတစ်ခုနဲ့ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူ တေးသံရှင် ချစ်ကောင်း ကလည်းသူမနဲ့အတူ မြစ်ကြီးနားပွဲကို အတူရောက်ရှိနေတာမို့လို့ မိခင်ရော ဖခင်နဲ့ရောအတူတူရှိခွင့်ရတဲ့ ဒီနှစ် မွေးနေ့လေးဟာ သူမအတွက် ကံကောင်းတဲ့ မွေးနေ့လေးလို့ အိမ့်ချစ်က ဆိုပါတယ်။ (၃၁.၃.၂၀၁၉) ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပပြုလုပ်တဲ့ Show ပွဲမှာ တေးသံရှင် အိမ့်ချစ်က စင်အောက်က ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ပွဲ လေးကျင်းပခဲ့သလို ပွဲအပြီးမှာ ဖျော်ဖြေပွဲကိုအတူပါလာကြတဲ့ အနုပညရှင်တွေနဲ့လည်း မွေးနေ့ညစာ စားပွဲလေး ပြုလုပ်ခဲ့ပါတယ်။ အမြဲလိုလို လန်းဆန်းတက်ကြွနေတဲ့ အမူအရာလေးတွေကြောင့် အသက် (၂၈) နှစ်လို့တောင်မထင်ရတဲ့ အိမ့်ချစ်ရဲ့ မွေးနေ့ညက ပျော်ရွှင်စရာပုံရိပ်လေးတွေကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related