(၂၅.၃.၂၀၁၉) ရက်နေ့က သရုပ်ဆောင် အေးမြတ်သူကို ချစ်ရတဲ့ ညီအစ်မတွေက ဂုဏ်ပြုပွဲလေး အမှတ်မထင်ပြုလုပ်ပေးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုရွေးချယ်ပွဲ အခမ်းအနားမှာ သရုပ်ဆောင်အေးမြတ်သူဟာ “နောင်တွင်ဥဒါန်းတည်စေသတည်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အေးမြတ်သူဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပေမယ့် လက်ရှိမှာ ရုပ်ရှင်လောကရဲ့ အောင်မြင်တဲ့နေရာတစ်နေရာမှာ ရပ်တည်နေနိုင်ပါပြီ။ အေးမြတ်သူအတွက် ယခုရရှိတဲ့ဆုဟာ အနုပညာသက်တမ်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ရရှိတဲ့ အကယ်ဒမီဆုလည်းဖြစ်ပါတယ်။ အခုလို သူမရဲ့ အောင်မြင်မှုအတွက် ချစ်ရတဲ့ အနုပညာရှင်ညီအစ်မတွေ စပရိုက်ဂုဏ်ပြုပွဲလေး ပြုလုပ်ပေးခဲ့ပါတယ်။ အေးမြတ်သူက “မနေ့က ...ချစ်ရတဲ့မမတွေ စီစဉ်ပေးတဲ့ အမှတ်တရပွဲလေး မမျှော်လင့်ဘဲစပရိုက် အတိုက်ခံ ခဲ့ရပါသည်ရှင့်။ မမြတ်လေး ကို ချစ်နေပေးတဲ့...ချစ်ရသူတွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ အိမ်ကိုလည်း ပန်းစည်းတွေ ကိတ်တွေ ပို့ပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ တူတူလက်တွဲ လုပ်ကိုင်ခွင့်ရနေတဲ့ အမှတ်တံဆိပ်တွေ အပါအဝင် FB မှ ဆုတောင်းပေး၊ ဂုဏ်ပြုပေးကြတဲ့
တစ်ယောက်ချင်းစီတိုင်း ကို မမြတ်လေး ကျေးဇူးအထူးတင်ပါတယ်ရှင့်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ဒါကြောင့် အေးမြတ်သူ စပရိုက်အလုပ်ခံလိုက်ရတဲ့ ပျော်ရွှင်စရာ ဂုဏ်ပြုပွဲလေးကိုလည်း Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related