သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို ဓာတ်ပုံဆရာ အေးဇော်မိုးက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

(၂၃.၃.၂၀၁၉) ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရွေးချယ်ပွဲ အခမ်းအနားမှာ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ဟာ “မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး” နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီအကယ်ဒမီ်ဟာ ကျော်ကျော်ဗိုလ်အတွက်တော့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပထဆုံးအကြိမ်ရရှိတဲ့ ဆုလည်းဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က အခုလို အကယ်ဒမီရခြင်းအတွက် ဂုဏ်ပြုညစာစားပွဲကို (၂၅.၃.၂၀၁၉) ရက်နေ့က ချစ်ရတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့အတူတူ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နိုင်ငံကျော် အနုပညာရှင်တွေများစွာ တက်ရောက်ဂုဏ်ပြုခဲ့တဲ့ ပျော်ရွှင်စရာကောင်းတဲ့ ညစာစားပွဲလေးလည်း ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်ကျော်ကျော်ဗိုလ်တို့မိသားစုနဲ့ ချစ်စရာကောင်းတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related