သရုပ်ဆောင် မိုးဟေကိုရဲ့ ကျက်သရေရှိလှတဲ့ အလှတရားတွေကို တွေ့မြင်ရမယ့် အကယ်ဒမီ ပွဲတက်ဗီဒီယိုလေး ထွက်ပေါ်လာခဲ့ပါတယ်။

အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေပါ အခိုင်အမာရရှိထားတဲ့ မိုးဟေကို ဟာ မိခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို အရင်လိုအမြဲတစေ မလုပ်ဖြစ်တော့တာ တွေ့မြင်ရပါတယ်။ မိုးဟေကို ဟာ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်သလို သူမရဲ့ လှပကျော့ရှင်းပြီး ကျက်သရေရှိလှတဲ့ အလှတရားတွေ၊ မိသားစုအပေါ်တာဝန်ကျေမှုတွေကြောင့် အထူးသဖြင့် အမျိုးသမီးပရိသတ်တွေ လေးစားအားကျရတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက သူမကို ပရိသတ်တွေက ဝေဖန်တိုက်ခိုက်မှုတွေရှိခဲ့သလို လက်ရှိမှာတော့ ပရိသတ်တွေရဲ့အချစ်ကို များစွာထပ်မံရရှိထားပြီး ချစ်ရတဲ့ ပရိသတ်တွေကိုယ်တိုင်က သူမကို မြန်မာပြည်ရဲ့ အလှဘုရင်မလို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။ မိုးဟေကိုရဲ့ ပွဲတက် ပုံရိပ်တိုင်းဟာလည်း ပရိသတ်တွေကို မှင်သက်မေ့မြောစေပါတယ်။ အခုဆိုရင်လည်း သူမရဲ့ အကယ်ဒမီပွဲတက် ဗီဒီယိုလေးဟာ ပရိသတ်တွေကို ထပ်မံကြွေကျသွားအောင် ခြွေလိုက်သလိုပါပဲ။ မိုးဟေကိုရဲ့ အပြစ်အနာဆာကင်းမဲ့တဲ့ ကျော့ရှင်းတဲ့အလှတရားတွေကို Channel X ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related