တေးသံရှင် နင်ဇီမေက ကွတ်ခိုင်ရဲ့အလှပတွေနဲ့ သူမရဲ့အလှပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်တွေအားပေးနှစ်သက်ခြင်းကို အပြည့်အဝရရှိခဲ့တဲ့ နင်ဇီမေဟာ သူချစ်တဲ့ ဂီတလမ်းမှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ တေးသံရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ တေးသံရှင် နင်ဇီမေဟာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ကို ဖျော်ဖြေရေးတစ်ခုနဲ့ ရောက်ရှိနေပါတယ်။ နင်ဇီမေက ကွတ်ခိုင်မြို့ကိုရောက်ရှိနေတုန်း ကွတ်ခိုင်မြို့ရဲ့အလှတရားတွေနဲ့ အလှဓာတ်ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ သူမတင်ထားတဲ့ ဓာတ်ပုံလေးတွေအရပြောရရင် ကွတ်ခိုင်မြို့ဟာ တောင်တန်းတွေနဲ့အပြိုင် အေးချမ်းသာယာလှပနေတဲ့ မြို့လေးတစ်မြို့ဖြစ်တာကို တွေ့မြင်ရပါတယ်။ အေးချမ်းငြိမ်သက်လှတဲ့ ကွတ်ခိုင်မြို့လေးရဲ့ အလှတရားတွေကြောင့် မြင်ရသူတိုင်းကို ချက်ချင်းသွားလည်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ နင်ဇီမေ တစ်ယောက်လည်း ကွတ်ခိုင်ရဲ့အလှအပတွေနဲ့ အေးချမ်းပျော်ရွှင်နေတာ တွေ့မြင်ရပါတယ်။ Channel X ပရိသတ်ကြီးလည်း နင်ဇီမေနဲ့ ကွတ်ခိုင်ရဲ့အလှတရားတွေ မြင်တွေ့ရအောင် သူမတင်ထားတဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်လိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related