၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ ဝေဖန်မှုတွေ များစွာရှိနေပါတယ်။

ဇာတ်လမ်းကောင်းတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီနှစ်အကယ်ဒမီဟာ မမှန်းရဲလောက်အောင်ကို ကောင်းလွန်းတဲ့ ဇာတ်ကားတွေချည်းပါပဲ။ ပရိသတ်တွေ အများဆုံး ထင်ကြေးပေးပြီး အကယ်ဒမီအဆင့်မှီတဲ့ ဇာတ်ကားကောင်းတွေလည်းရှိပါတယ်။ ''ဥပါယ်တံမျှင်၊ မုဒြာခေါ်သံ၊ မီ'' စတဲ့ ဇာတ်ကားကောင်းတွေကို အမှန်တကယ် အကယ်ဒမီ ရစေချင်တဲ့ ပရိသတ်တွေရဲ့ စေတနာဟာ ရုပ်ရှင်ရုံတင်ကတည်းကစလို့ အကယ်ဒမီပေးပွဲ အခမ်းအနားထိပါပဲ။ သို့ပေမယ့်လည်း ပရိသတ်တွေ မျှော်မှန်းထားသလို မျှော်လင့်ထားတဲ့ ဇာတ်ကားတွေ၊ အနုပညာရှင်တွေ မရဘဲ လွဲချော်ခဲ့လို့ စိတ်မကောင်းဖြစ်ကြရသလို မြန်မာ့ရုပ်ရှင်လောကဟာလည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဒါရိုက်တာ ခရစ်စတီးနားခီ ရိုက်ကူးတဲ့ မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးဟာ နိုင်ငံတကာမှာ ဆုပေါင်းများစွာရရှိခဲ့ပါလျက်နဲ့ မြန်မာနိုင်ငံရဲ့ အကယ်ဒမီမှာ တစ်ဆုမှ မဝင်နိုင်ခဲ့လို့ အကယ်ဒမီ အကဲဖြတ်တွေကို ပရိသတ်တွေရဲ့ ဝေဖန်မှုတွေဟာ ပြင်းထန်လျက်ရှိပါတယ်။ ပရိသတ်တွေ ရစေချင်ပြီး သရုပ်ဆောင်ကောင်းလွန်းလှတဲ့ ဇာတ်ဆောင်ဆုတွေလည်း လွဲခဲ့ရလို့ ပရိသတ်တွေကို အံ့သြမှင်သက်ရစေပါတယ်။ ဒါကြောင့် မြန်မာ့အကယ်ဒမီဟာ တကယ်ပဲနတ်ကြီးတာပဲလား ဒါမှမဟုတ် လွဲမှားမှုတွေပဲရှိနေတာပဲလားဆိုတာ Channel X ပရိသတ်ကြီးကပဲ ထင်ကြေးပေးပါဦးနော်။

Related