၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရွေးပွဲအခမ်းအနားမှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီ ဆု ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေဟာဆိုရင် ရုပ်ရှင်အရည်အသွေးပြည့်မှီတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ အဲဒီထဲကမှ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေခန့်မှန်းထားသလို အကယ်ဒမီဆုပေါင်းများစွာရရှိခဲ့ပါတယ်။ ဘက်ပေါင်းစုံက မုန်းစွဲအဖွဲ့သားတွေရဲ့ ကြိုးစားမှုရလဒ်ကတော့ အံ့မခန်းပါပဲ။ တကယ့်ကိုထိုက်တန်တဲ့ ရလဒ်ကောင်းဆိုရင်လည်း မမှားပါဘူး။ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး ရရှိသွားတဲ့ အကယ်ဒမီဆုတွေကတော့ အကောင်းဆုံး ရုပ်ရှင်အသံဆု အဖြစ် ကိုအေး ၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု အဖြစ် ဝင်းလွင်ထက်၊ အကောင်းဆုံး ဒါရိုက်တာဆုအဖြစ် သြရသ၊ အကောင်းဆုံး အမျိုးသား ရုပ်ရှင်ဇာတ်ပို့ဆုအဖြစ် ကျော်ကျော်ဗိုလ် စုစုပေါင်း (၄) ဆုပဲဖြစ်ပါတယ်။ အခုလိုအောင်မြင်မှုအပေါင်း သရဖူဆောင်းသွားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးအတွက် Channel X Online TV ကလည်း ပရိသတ်တွေနဲ့ထပ်တူ၊ မုန်းစွဲအဖွဲ့သားတွေနဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။

Related