မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ယနေ့ (၂၂.၃.၂၀၁၉) ရက်နေ့မှာ ကြေညာစာ ထုတ်ပြန်လာခဲ့ပါတယ်။

(၂၃.၃.၂၀၁၉) ရက်နေ့မှာကျင်းပပြုလုပ်မယ့် အကယ်ဒမီပေးပွဲကို တက်ရောက်ဖို့အတွက် ထိုင်ခုံလက်မှတ်တွေ ထုတ်တဲ့အခါမှာ ရုပ်ရှင်အစည်းအရုံးက ချမှတ်ထားတဲ့မူဝါဒတွေနဲ့ မကိုက်ညီတဲ့ပုဂ္ဂိုလ်တစ်ဦးကို မှားယွင်းစွာ ဖိတ်ကြားခဲ့တယ်လို့သိရပါတယ်။ ထိုပုဂ္ဂိုလ်ကိုလည်း အကယ်ဒမီပေးပွဲသို့ တက်ရောက်ခွင့် မပြုကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အခုလိုပဲ ကြေညာလာပါတယ်။
“၂၀၁၈ ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသို့တက်ရောက်ရန် ဖိတ်ကြားရာတွင် ခုံအမှတ် (A3,KK-16) ပါဖိတ်စာသည် ချမှတ်ထားသောမူဝါဒနှင့်မညီဘဲ မှားယွင်းစွာဖိတ်ကြားခဲ့ခြင်း ဖြစ်သည့်အတွက် ဖိတ်စာထုတ်ပေးသူကိုပြင်းထန်စွာ သတိပေးပြီး အဆိုပါဖိတ်စာကို တက်ရောက်ခွင့်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်းနှင့် အဆိုပါဖိတ်စာဖြင့် ပွဲအခမ်းအနားသို့ တက်ရောက်ခွင့်မပြုကြောင်း ကြေညာအပ်ပါသည်” လို့ကြေညာလာပါတယ်။
ဒီဖိတ်စာပိုင်ရှင်ပုဂ္ဂိုလ်ဟာ ဘယ်သူဖြစ်နေမလဲဆိုတာကိုတော့ Channel X ပရိသတ်ကြီးကပဲ ခန့်မှန်းပေးကြပါဦး။

Related