သရုပ်ဆောင် ဒေါင်းနဲ့ မေမြင့်မိုရ် တို့နှစ်ဦးဟာ “ရွှေအုန်းပင်” အုန်းဆီကြော်ငြာရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။

အောင်မြင်မှုကိုယ်စီရှိနေကြတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ဒေါင်းနဲ့ MRTV 4 မင်းသမီးချောလေး မေမြင့်မိုရ် တို့နှစ်ဦးဟာ အရင်ကလူသိများခဲ့တဲ့ “ရွှေအုန်းပင်” အုန်းဆီကြော်ငြာကို ပြန်လည်ရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်။ “ရွှေအုန်းပင်” အုန်းဆီကြော်ငြာဟာ အရင်ကတည်းက ပရိသတ်တွေ ပါးစပ်ဖျားမှာ လူကြိုက်များခဲ့သလို အခု ဒေါင်းနဲ့ မေမြင့်မိုရ်တို့ရဲ့ ကြော်ငြာလေး ဟာလည်းဘယ်လိုပုံစံမျိုးနဲ့ ထွက်ရှိလာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ “ရွှေအုန်းပင်” အုန်းဆီကြော်ငြာရိုက်ကွင်းက ပုံရိပ်တွေကို သရုပ်ဆောင် မေမြင့်မိုရ်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အသည်းကျော်နှစ်ဦး ရိုက်ကူးနေတဲ့ ရိုက်ကွင်းကပုံရိပ်တွေကို Channel X ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFireSimple, Free Image and File Hosting at MediaFire

Related