အကယ်ဒမီပေးပွဲကြီးနီးမှ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကို လူမှုကွန်ယက်ပေါ်မှာ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ပရိသတ်တွေများစွာအားပေးခြင်းခံထားရတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီစကာတင် စာရင်းမှာလည်းနေရာယူထားပါတယ်။ မုန်းစွဲအဖွဲ့သားတွေအနေနဲ့လည်း အကယ်ဒမီနဲ့ပတ်သက်လို့ များစွာအလေးထား အားထားရတဲ့ ဇာတ်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်။ အခုဆိုရင်လည်း ဒီဇာတ်ကားကြီးကို နိုင်ငံတကာအနုပညာပွဲတော်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်စားထားတယ် လို့လည်းသိရပါတယ်။ ဒီလို မြန်မာ့ရုပ်ရှင်လောကအတွက် မျှော်လင့်ချက် အလားအလာကောင်းတွေ များစွာရှိနေတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီပေးပွဲမတိုင်ခင်မှာပဲ တစ်နာကျော်ကြာတဲ့ ဇာတ်ဝင်ခန်းတွေကို ကိုယ်ပိုင်အကောင့်တွေနဲ့တင်ခြင်း၊ ရှဲခြင်းများဖြင့် ဖြန့်ဝေခြင်းကို ခံနေရပါတယ်။ ဒီဇာတ်ကားကြီးကို ကနဦးတင်ထားကြတဲ့ အကောင့်ပိုင်ရှင်တွေကို သက်သေတွေနဲ့တကွ တရားဥပဒေနဲ့အညီ ရင်ဆိုင်သွားမယ်လို့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးရဲ့ တရားဝင် Page ကနေ ဖော်ပြရေးသားလာပါတယ်။ မုန်းစွဲအဖွဲ့ဝင်တွေနဲ့ အနုပညာလောကသားတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး များစွာစိတ်မကောင်းဖြစ်နေကြပါတယ်။ အခက်အခဲတွေရှိနေမယ့် လာမယ့် (၂၃.၃.၂၀၁၉) မှာကျင်းပပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲကြီးမှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော်ရဦးမှာဖြစ်ပါတယ်။
Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire Simple, Free Image and File Hosting at MediaFire

Related