တေးသံရှင် ဖြူဖြူကျော်သိန်းက သူ့မကို မီဒီယာတွေက အိမ်ထောင်မပြုသေးဘူးလားလို့ မေးခွန်းတွေချည်းပဲ မေးနေတဲ့အပေါ် သူမရဲ့ Live မှာ ပြောကြားလာပါတယ်။

သွက်လက်တဲ့ဟန်ပန်လေးတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက လက်ရှိမှာ တောင်ကြီးမြို့ကို ဖျော်ဖြေရေးအတွက်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အေးချမ်းတဲ့ တောင်ကြီးမြို့လေးကို ရောက်နေရင်းနဲ့ Live လွှင့်ခဲ့တဲ့ အခါမှာတော့ မီဒီယာတွေက သူမကို အိမ်ထောင်မပြုသေးဘူးလားလို့ မေးခွန်းတွေချည်းပဲ မေးနေကြတာနဲ့ ပတ်သက်လို့ အခုလိုပဲပြောလာပါတယ်။
“တစ်ခါတစ်လေကျတော့ စဉ်းစားကြည့်တာ ပရိသတ်ကပဲ တကယ်သိချင်တာလား။ ဒါမှမဟုတ် မီဒီယာတွေခင်မျာမှာပဲ သူတို့မှာမေးစရာ မရှိတော့လို့ပဲ ကိုယ့်ကို ဒါ လာလာမေးနေတာလားလို့တောင် စဉ်းစားမိလာတယ်။ အိမ်ထောင်မပြုသေးဘူးလားလို့။ ဘယ်တော့ပြုမှာလဲတို့။ တချို့ကျတော့လည်း အဲ့လောက်ယဉ်ယဉ်ကျေးကျေးမမေးတတ်ရှာတော့ တည့်တိုးကြီး ယောကျာ်းမယူသေးဘူးလားလို့။ ယောကျာ်းယူတော့လေလို့။ ကြောက်စရာကြီး အသုံးအနှုန်းကြီးက။ ပြောရတာပျင်းလာပြီသိလား။ လောကကြီးမှာအဲ့ထက် စိတ်ဝင်စားစရာကောင်းတဲ့ Topic တွေမှအများကြီးရှိတယ်။ ဖြူဖြူကျော်သိန်း သီချင်းအသစ်တွေ ထွက်လိုက်တာမှ အခွေအသစ်တွေထွက်လိုက်တာမှ ဗားရှင်းအသစ်တွေ လုပ်လိုက်တာမှ။ ဖြူဖြူ မှမဟုတ်ဘူးပေါ့နော် အနုပညာရှင်တိုင်းတော့ ကိုယ့်ရဲ့အနုပညာကိုတော့ အားပေးစေချင်ဆုံးပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့ Personal Life ကိုသိချင်တယ်ဆိုတာလည်း ကျေးဇူးမတင်ဘူးရယ်တော့ မဟုတ်ပါဘူး။ ချစ်လို့သိချင်တာပေါ့။ ဒါလည်းနားလည်ပါတယ်။ ဒါပေမယ့် တစ်ချို့ကျတော့လည်း သီချင်းဘယ်နှစ်ပုဒ်ရှိတယ်ဆိုတာတော့ မသိဘဲနဲ့။ အခုဘာသီချင်းထွက်ထားတယ်။ နောက်ဆုံးလုပ်ထားတယ်ဆိုတာမှ မသိဘဲနဲ့ ဒီအိမ်ထောင်ပြုခြင်းတို့ ရည်းစားဘယ်နှစ်ယောက်ရှိလဲ ဆိုတာကိုပဲပိုသိချင် စိတ်ဝင်စားချင်နေကျတော့လည်း အမတော့ နားမလည်ဘူးပေါ့နော်။ အေးပေါ့လေ လူတစ်ကိုယ် စိတ်တစ်မျိုးလည်းဖြစ်ချင် ဖြစ်ရှာမှာပေါ့ ” လို့ သူမရဲ့ Live မှာပြောလာပါတယ်။

Related