ကျော်ထက်အောင်က တန်ခူးလေပြေ သြင်္ကန်သီချင်းလေးနဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်နဲ့ ပရိသတ်တွေအားပေးမှုကို ရခဲ့တဲ့ ကျော်ထက်အောင်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုဆိုရင် သူကိုယ်တိုင်သီဆိုထားတဲ့ ပထမဆုံးသီချင်းဗီဒီယိုလေးဟာ ထွက်ရှိလာခဲ့ပါတယ်။ မကြာမီကျရောက်တော့မယ့် သြင်္ကန်ကာလအတွက် အဓိပ္ပါယ်ရှိတဲ့ သြင်္ကန်သီချင်းကောင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်က မြန်မာ့ရိုးရာသြင်္ကန်ဆင်နွှဲကြတဲ့ ပုံရိပ်လေးတွေအတိုင်း ရိုက်ကူးပုံဖော်ထားတာမို့လို့ အရင်ခေတ်အခါက တန်ခူးရဲ့ အငွေ့အသက်တွေကို လွမ်းဆွတ်သတိရစေပါတယ်။ သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်တာကြောင့် Channel X ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Related